<div style='background-color: none transparent;'></div>

Home » » (၁၅)ထပ်က ပြုတ်ကျတဲ့ ကိုးနှစ်သားလေး

(၁၅)ထပ်က ပြုတ်ကျတဲ့ ကိုးနှစ်သားလေး

စင်္ကာပူနိုင်ငံတွင် ပြီးခဲ့သည့် စနေနေ့ ညနေ (၆)နာရီမှ (၇)နာရီအတွင်း West Coast လမ်းမကြီးပေါ်က နေအိမ် တိုက်တန်းလျားအခြေသို့ ၎င်း၏နေအိမ် (၁၅)ထပ် မီးဖိုချောင် ပြတင်းပေါက်ပေါ်မှ ပြုတ်ကျလာခဲ့သော (၉)နှစ်အရွယ် ယောက်ျားလေးဟာ ဆေးရုံပေါ်ရောက်ပြီး တစ်နာရီအတွင်း ရရှိထားခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုကလေးငယ် တိုက်ခြေရင်းကြမ်းဝယ် သတိလစ်မေ့မျောနေတာကို ရဲများက
သတင်းပေးမှုအရ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ကလေးအသက် ကယ်နိုင်ရန် ဆေးရုံအမြန် ပို့ဆောင်ခဲ့ကြပေမယ့် ကလေးဟာ ဆေးရုံပေါ်ရောက်ပြီး တစ်နာရီအတွင်း သေဆုံးသွားခဲ့တာဖြစ်သည်။
ထိုယောက်ျားလေး၏ အသက်(၃၁)နှစ်အရွယ် မိခင်ဖြစ်သူကို ကလေးပြုတ်ကျချိန်က ကလေးပြုတ်ကျလာသည့် ပြတင်းပေါက်တွင် ငိုနေတာကို ဘေးပတ်ဝန်းကျင်က တွေ့ခဲ့ကြသည့်အတွက် ကလေးကို တွန်းချခဲ့သည် (သို့မဟုတ်) ကလေးပြုတ်ကျမှုနှင့် ပတ်သက်ပြီး သင်္ကာမကင်းမှုဖြင့် ရဲများက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
တနင်္လာနေ့က ထိုအမျိုးသမီးအား ရဲများက အမှုစွဲခဲ့ကာ သူမဟာ စိတ်ဖိစီးမှုဒဏ် ခံစားနေရသူတစ်ဦးဖြစ်ပြီး ကလေးကို မီးဖိုချောင် ပြတင်းပေါက်မှ တွန်းချခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများလည်း ရှိကြောင်း သိရသည်။
အကယ်၍ သူမဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိပါက သေဒဏ်ခံရနိုင်ကြောင်းလည်း သိရသည်။
ကလေးငယ် ပြုတ်ကျလာခဲ့သည့် အဆိုပါနေအိမ်တွင် ကလေးငယ်နှင့်အတူ ကလေး၏ မိခင်နှင့် ကလေး၏ အဖွားဖြစ်သူတို့ အတူတကွ နေထိုင်ကြကြောင်းလည်း သိရသည်။

 burmesehearts
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map