<div style='background-color: none transparent;'></div>

Home » » အလကားကျွေးသော ရေခဲချောင်းစားမိရာမှ ကျောင်းသား၊ ကျောင်းသူခုနှစ်ဦးအစာအဆိပ်သင့်

အလကားကျွေးသော ရေခဲချောင်းစားမိရာမှ ကျောင်းသား၊ ကျောင်းသူခုနှစ်ဦးအစာအဆိပ်သင့်

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့၊ ဝဲကြီးရွာရှိ မူလတန်းကျောင်းတွင် ဇွန်လ ၁၉ ရက်နေ့ လယ်က အလကားလာဝေသော ရေခဲချောင်းစားမိသည့် ကျောင်းသား၊ ကျောင်းသူခုနှစ်ဦး အစာအ ဆိပ်သင့်သည့် လက္ခဏာများဖြင့် ဆေးရုံတက်ရောက် ကုသနေရကြောင်း သတင်းရရှိသည်။
ယခုအခါ ဆေးရုံး၌ တက်ရောက်ကုသနေသော ကလေးငယ်ခုနှစ်ဦးရှိကြောင်း၊ မှုခင်းဆေးစာပေးပို့ခဲ့ရ သော နေပြည်တော် ပျဉ်းမနားရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
“၁၉ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က
အမျိုးသမီးတစ်ယောက် ကျောင်းဝင်းထဲဝင်လာပြီး ရေခဲ ချောင်းတွေ လာရောင်းတယ်။ အမြဲတမ်း လာရောင်းနေကျ ဈေးသည်လည်းမဟုတ်၊ ရောင်းခွင့်လည်း ရှိသူမဟုတ်လို့ ကျောင်းတာဝန်ရှိသူတွေက မရောင်းရဘူးလို့ ပြောလိုက်တယ်။ နှင်ထုတ်လိုက်တယ်။ အဲသည့်အမျိုးသမီးလည်း အပြင်ကိုပြန်ထွက်သွားပြီး မကြာခင်မှာ ကျောင်းဝင်းအပြင်ကနေ ကလေး တွေကို ရေခဲချောင်း အလကားဝေပေးပြီး ပြန်သွားတယ်” ဟု ဝဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက ဆို သည်။
ဆက်လက်၍ ၎င်းက အဆိုပါရေခဲချောင်းများ စားမိသောကလေးငယ်များမှာ ခေါင်းမူးခြင်း၊ အော့အန် ခြင်းတို့ ဖြစ်ပွားခံစားလာ၍ နေပြည်တော်ခုတင် ၂၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယခုလက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ ခုနှစ်ဦးမှာ ဆေးကုသခံယူလျက်ရှိကြောင်း ပြောဆိုသည်။
“မစိုးရိမ်ရတော့ပါဘူး။ သက်သာလာနေပြီ” ဟု ၎င်းကဆက်လက်ပြောဆိုသည်။ နေပြည်တော်ဒေသ အတွင်း အစားအသောက်မှ အဆိပ်ဖြစ်ပွားရခြင်းဖြစ်စဉ်သည် ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မောက္ခ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map