<div style='background-color: none transparent;'></div>

Home » » ချစ်ပရိသတ် တစ်ဦးက ကိုလူမင်းကို ကွမ်းတံတွေးနှင့် အချစ်စမ်းတာလား

ချစ်ပရိသတ် တစ်ဦးက ကိုလူမင်းကို ကွမ်းတံတွေးနှင့် အချစ်စမ်းတာလား

ကျိုက်လတ်မြို့ ပန်းခြံတွင် ၁၆-၆-၂၀၁၃ ရက် နံနက်က ဦးသုခရုပ်တု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ရုပ်ရှင်မင်းသား အကယ်ဒမီ ကိုလူမင်းကို ချစ်ကြသော အမျိုးသမီး ပရိသတ် ရာနှင့်ချီ၍ နောက်မှ လိုက်လာပြီး သူ့ထက်ငါ အရူးအမူး တိုးဝင်ကြည့်ကြရာ ကိုလူမင်း၏နောက်မှ ကပ်လျက် ပါလာသော အမျိုးသမီးတစ်ဦးက
ကွမ်းပလုတ် ပလောင်းစား၍ ''ဟဲ့ နောက်က အရမ်းမတိုးကြနဲ့လေ''
ဟု ပြောလိုက်ရာမှ ပါးစပ်ထဲက ကွမ်းတံထွေးက ပက်ခနဲ ထွက်ကျသွားပြီး ကိုလူမင်း၏ နောက်ကျော ဆံပင်အစပ်နှင့် အင်္ကျီကို ကွမ်းတံတွေးများ ပေသွားသဖြင့် အနားမှ အတူလိုက်ပါသူများက ၀ိုင်းသုတ်ပေးကြရ၏။ သူ့ ချစ်ပရိသတ်တစ်ဦး၏ အချစ်စမ်းသလို ဖြစ်သွားသည်ကို ခံလိုက်ရသော ကိုလူမင်းခမျာ စိတ်ကသိကအောက် ဖြစ်သွားရသောဟူ၏။

ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map