<div style='background-color: none transparent;'></div>

Home » » "ဂီတအနုပညာရှင် Lခွန်းရီ ပြောတဲ့ ချစ်စရာဆီးဂိမ်းလာဘ်ကောင်လေး အကြောင်း"

"ဂီတအနုပညာရှင် Lခွန်းရီ ပြောတဲ့ ချစ်စရာဆီးဂိမ်းလာဘ်ကောင်လေး အကြောင်း"



မြန်မာနိုင်ငံရဲ့ ဆီးဂိမ်းလာဘ် ကောင်လေးဖြစ်တဲ့ ဇီးကွက် ရုပ်လေးတွေ ကို နေပြည်တော် ဆီးဂိမ်းကျင်းပမယ့် အားကစားကွင်း မှာထောင်ထားတာ ကို တွေ့ရတယ်။ အဲဒီ လာဘ်ကောင်ရုပ်လေးကို အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ Lခွန်းရီက
“နေပြည်တော်ကိုရောက်တော့ အဲဒီမှာ ဆီးဂိမ်းအရုပ်လေးတွေ ထောင်ထား တာတွေ့တော့ တအားလှပြီး ချစ်ဖို့ကောင်းတာနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ထား တာ။ အခု က အားကစားအဖွဲ့တွေပဲ ဆီးဂိမ်း အကြို ပြိုင်ပွဲလုပ်နေ လို့ ဝင်လို့ရပြီး ဓာတ်ပုံ ရိုက်လို့ရတာ။ အရုပ်တွေက ကိုယ့်နိုင်ငံက အမှတ် အသားနဲ့

ကိုယ်ပေါ့။ အန်တီက အဲဒီအရုပ် လေးတွေကိုတအား ကြိုက်တော့ စုထားလေ့ရှိတယ်။ အခု မြန်မာနိုင်ငံက ဇီးကွက်က လာဘ်ကောင် Mascot ရုပ်လေးပေါ့။ အထိမ်း အမှတ်အရုပ် ကလေးပေါ့။ လာဘ်ကောင်းမယ်၊ မင်္ဂလာရှိမယ်လို့ ယူဆတယ်။ ကိုယ်က အားကစားသမား မဟုတ်တော့ နိုင်ငံခြား သွားရင် အဲဒီလို ဆီးဂိမ်းအရုပ်လေးတွေ ရောင်းပေး ကြတယ်။ ဒီမှာလည်း ရောင်းမယ်ထင်တယ်။ အန်တီ့မှာ အမှတ်တရ အရုပ်တွေ အများကြီးပဲ ဝယ်သိမ်းထားတာ ရှိတယ်။ မြန်မာ နိုင်ငံဆိုတာ ဇမ္ဗူဒီပါလက်ယာတောင် ကျွန်းသြဘာနိမိတ်ထွန်းတဲ့ကျွန်း ဆိုတဲ့ အတိုင်းလာဘ်ကောင်းစေချင်တယ် ။ ရွှေတံဆိပ်ဆုတွေပဲ ရစေချင်တယ်။ နည်းပညာတိုးတက်မှုကအစ သူများနိုင်ငံက တအားကွာတယ်လေ။ ကလေး တွေကတော့ အကောင်းဆုံးဖြစ်အောင် အစွမ်း ကုန်ကြိုးစား ကြမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ စိတ်ဓာတ်တအားခိုင်တယ်လေ။ စိတ်ဓာတ်နဲ့ အကောင်း ဆုံး လုပ်ကြမှာပါ။ နောက် ဇီးကွက်ရုပ်လေးတွေ က အထီးနဲ့အမ ကွာခြားချက်က အမက မျက်တောင်နဲ့၊ ပါးကွက်လေးပါတယ်။ တအားချစ် ဖို့ကောင်းတဲ့ လာဘ်ကောင်လေးတွေပါ” လို့ ပြောပြခဲ့ပါ တယ်။

popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map