<div style='background-color: none transparent;'></div>

Home » » အင်တာနက်တွင် ကောလာဟလဖြန့်မှုဖြင့် လူ ၁၃ ဦး ဖမ်းဆီး

အင်တာနက်တွင် ကောလာဟလဖြန့်မှုဖြင့် လူ ၁၃ ဦး ဖမ်းဆီး

ရွှေ့ပြောင်းလုပ်သားတစ်ဦး မိမိကိုယ်ကိုယ် သတ်သေမှုနှင့် ပတ်သက်သော ကောလာဟလများ ဖြန့်ပြီး လူအများကို ထိုအမှုအတွက် ဆန္ဒပြရန် လှုံ့ဆော်သူ လူ ၁၃ ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးလိုက်သည်။ အဖမ်းခံရသည့် ၁၃ ဦးတွင် သေဆုံးသူ ယွမ်လီယာ၏ ရည်းစားဖြစ်သူလည်း ပါဝင်သည်။ အရောင်းစင်တာကြီးတစ်ခုတွင် လက်ထောက် အရောင်းစာရေး အဖြစ်
အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်း အလုပ်သမငယ် သေဆုံးမှုကြောင့် အစိုးရအရာရှိများနှင့် ရွှေ့ပြောင်း အလုပ်သမားတို့ အကြား အခြေအနေ တင်းမာလာသည်။ သူ သေဆုံးသွားသောကြောင့် မေလ ၈ ရက်နေ့တွင် ရာပေါင်းများစွာသော လူတို့ နာရီပေါင်းများစွာ ကြာသည်အထိ ဆန္ဒပြခဲ့ကြသည်။ ရဲများက ယွမ်လီယာသည် မေလ ၃ ရက်နေ့တွင် သူ့ကိုယ်သူ သတ်သေသွားခြင်းသာ ဖြစ်ကြောင့် ထို့ကြောင့် ဤအမှုကို ဆက်လက် စုံစမ်းစရာ အကြောင်း မရှိကြောင်း ကြေညာ လိုက်သည်။
သို့သော် သူ၏ လုပ်ဖော်ကိုင်ဖက်များက ဤကြေညာချက်ကို အယုံအကြည် မရှိကြပေ။ ယွမ်လီယာ အသတ်ခံရခြင်း ဖြစ်သည် ဟူ၍သာ ယုံကြည်နေကြသည်။ ထို့ကြောင့် အဖြစ်မှန် ဖော်ထုတ်ပေးရန် ဆန္ဒပြ တောင်းဆိုကြခြင်း ဖြစ်သည်။ ''အင်တာနက်တွင် ကောလာဟလ ဆက်လက် မဖြန့်စေရ'' ဟု အာဏာပိုင်များဘက်မှ ကြေညာပြီး ရက်သတ္တပတ် အနည်းငယ် အကြာတွင် ယခုကဲ့သို့ စတင် ဖမ်းဆီးခြင်း ဖြစ်သည်။ ယွမ်လီယာ၏ ချစ်သူ ဖြစ်သူသည် ယွမ်လီယာ သေဆုံးမှုနှင့် ပတ်သက်၍ မဟုတ်မမှန်သော သတင်းများ ဖြန့်ပြီး သေဆုံးသူ၏ တစ်နယ်တည်းသားများကို ဆန္ဒပြကြရန် လှုံ့ဆော်သည်ဟု ရဲများက ဆိုသည်။ ယွမ်လီယာသည် အုပ်စုဖွဲ့ မတရားပြုကျင့်ခံခဲ့ ရပြီးနောက် တိုက်အမြင့်ထက်မှ ပစ်ချခံခဲ့ရခြင်း ဖြစ်သည် ဟူသော မှတ်ချက်များလည်း အွန်လိုင်းတွင် ပံျ့နှံ့နေသည်။ တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများသည် တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာလျက် ရှိသည်။

ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map