<div style='background-color: none transparent;'></div>

Home » » ဘုရားကျောင်းထဲ ပေးမ၀င်သဖြင့် လမ်းပေါ် ဒူးထောက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်

ဘုရားကျောင်းထဲ ပေးမ၀င်သဖြင့် လမ်းပေါ် ဒူးထောက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်

ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ေ ကျာ်လ မ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူ တစ်ဦး က မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊  လေ့လာခွင့် မရှိဘူးလား” ဟု ဆို ကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ ကားရေဆေးနေတာ ပြီးတော့မှ ဘု ရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။  ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန် ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာ ခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရည်မွန်
မြန်မာ့ခေတ်
oppositeyes


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map