လားရှိုးမြို့၌ 28-5-2013 နေ့ ည နေပိုင်းတွင် ရှမ်းတိုင်းရင်းသူ တစ်ဦးအား ဓာတ်ဆီလောင်းမီးရှို့ သတ် ရန် ကြိုး စား ခဲ့သည့် တရားခံ။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦး အား မီးရှို့မှုြ ဖစ်ပွားခဲ့ကြောင်း လားရှိုး မြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တစ်ဦးက ပြောကြား သည်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦး အား မီးရှို့မှုြ ဖစ်ပွားခဲ့ကြောင်း လားရှိုး မြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တစ်ဦးက ပြောကြား သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့ အမှတ်(၁)ရဲစခန်းမှာ
ဖမ်းထားပါတယ်။ ဓာတ် ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက
မြန်မာ့ခေတ်သို့ ပြော ကြားသည်။
မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့် ရှိပြီး လားရှိုးဆေးရုံကြီး
အရေးပေါ်ဌာနသို့ တင် ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှ
လာရောက်သူတစ်ဦးဖြစ်ကြောင်း လာရှိုးမြို့ခံ မြန် မာ့ခေတ် သတင်းထောက်၏
သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့် စုရုံးရောက် ရှိနေပြီး
သံဃာတော် တချို့မှာ ရဲစခန်းတွင်း သို့ ဝင်ရောက်ညှိနှို င်းနေကြောင်း ၎င်း
ရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။
“အဖမ်းခံထားရတဲ့သူကို သူတို့လက်ထဲ အပ်ဖို့ လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်း က ပြောကြားသည်။
ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားေ ကြာင်း သိရသည်။
ထက်နောင်နောင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit to The Myanma Age
oppositeyes
0 comments:
Post a Comment