<div style='background-color: none transparent;'></div>

Home » » “ဘက်ဟမ်း၏ နောက်ဆုံးဘောလုံးပွဲစဉ်တွင် ဗစ်တိုရီးယား ငိုကြွေးခဲ့”

“ဘက်ဟမ်း၏ နောက်ဆုံးဘောလုံးပွဲစဉ်တွင် ဗစ်တိုရီးယား ငိုကြွေးခဲ့”

ခင်ပွန်းဖြစ်သူ ဘောလုံးလောကမှ အနားယူရန် ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံး
ကစားသည့် ပွဲစဉ်တွင် ဗစ်တိုးရီးယား ဘက်ဟမ်း ငိုကြွေးခဲ့ကြောင်း သိရှိရသည်။

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ဟမ်း
သည် ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ကို
ပြင်သစ်ကလပ် PSGနှင့်အတူ စနေနေ့ညက ကစားခဲ့သည်။

ထိုပွဲစဉ်သို့ ဗစ်တိုးရီးယား တက်ရောက် အားပေးခဲ့ပြီးနောက် ဘက်ဟမ်းက ပရိသတ်များကို နှုတ်ဆက်ချိန်တွင် ငိုကြွေးခဲ့ခြင်း ဖြစ်သည်။ ဘရက်စ်နှင့် ပွဲအပြီးတွင် ဘက်ဟမ်းသည် သား(၃)ဦးဖြစ်သည့် ဘရွတ်ကလင်း၊ ရိုမီယို၊ ခရုဇ်တို့အပြင် (၂၁)လအရွယ် သမီးငယ်လေး ဟာပါးနှင့်အတူ ပရိသတ်
များကို နှုတ်ဆက်ခဲ့သည်။

Planet.com.mm
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map