<div style='background-color: none transparent;'></div>

Home » » ထီပေါက်နည်းနှင့် ထီပေါက် ကျင့်စဉ်

ထီပေါက်နည်းနှင့် ထီပေါက် ကျင့်စဉ်

တစ်ခုသော တနင်္ဂနွေနေ့ တွင် ကျွန်တော့်အိမ်သို့ အမြဲ လာလည်နေကျ ဖြစ်သော ညီအရင်းတစ်မျှ ခင်မင်ရသည့် မောင်ဝေလင်း ရောက်လာပြီး။
** အစ်ကို ဘာစာအုပ် ဖတ်နေတာလဲ
* ဗေဒင် စာအုပ်ပါကွာ
** အကို့ ကို မေးစရာရှိလို့ 
* အင်း မေးလေကွာ ဘာသိချင်လို့ လဲ
** အကိုတို့ ဗေဒင်ပညာမှာ ထီပေါက်။ မပေါက် သိတဲ့နည်း မရှိဘူးလား
* ရှိတာပေါ့ကွ ဘာလည်း မင်းက ထီပေါက်ချင်လို့ လား
** ဟုတ်ကဲ့ ပေါက်ချင်တာပေါ့ အကိုရာ
* အင်းအကို့  ဆရာရှိစဉ်က အကို့ ကို ပေးခဲ့တဲ့နည်း တစ်ခု ရှိတယ်။ တကယ် ယုံကြည်ပြီး၊ တစ်ကယ် လုပ်ခဲ့တဲ့သူတွေ ပေါက်ခဲ့ကြတယ်။ အကိုလည်း တစ်သောင်းဆု ၂ ခါ ပေါက်ဖူးတယ်။
** ဟာ ဟုတ်လား အကိုလည်း ပေါက်ဖူးတယ် ဆိုရင်တော့ အရမ်း စိတ်ဝင်စားသွားပြီ မြန်မြန်ပြော အကိုရာ
* အာ ဖြေးဖြေးပေါ့ကွာ ပြောပါမယ် ဆိုနေမှ မင်းကလည်း
** အဟဲ အရမ်းသိချင်လာလို့ ပါအကိုရာ

* ဒီလိုကွ ပထမအဆင့် ထီပေါက်ချင်တဲ့သူက ဒီနှစ်ထဲမှာ ထီပေါက်ကံ ရှိ မရှိ အရင် တွက်ကြည့်ရတယ်။ ထီပေါက်ကံ ရှိတယ် ဆိုရင် ဒုတိယအဆင့်က ပုတီးစိတ် ကျင့်စဉ် တစ်ခုနဲ့  ပုတီး စိတ်ရမယ်
**ဟုတ်ကဲ့အကို
* ၁။ မြန်မာ မွေးသက္ကရာဇ်ကိုတည် မွေးနံ ဂြိုလ်သက်နဲ့ ပေါင်း ၃၂ နဲ့ စား အကြွင်းကို မိမိ ရောက်သက်နဲ့ ပေါင်းပြီး ၇ နဲ့ စား ၅၊ ၆၊ ၀ ကြွင်းခဲ့ရင် ထီပေါက်မယ် အမွေ ရတတ်တယ် ။
** မွေးနံ ဂြိုလ်သက်ဆို တာကရော ပြောပြဦး အကိုရာ
* အင်းဟုတ်တယ် ပြေပြမယ်
တနင်္ဂနွေ ဂြိုလ်သက်က ၆ နှစ်
တနင်္လာ ။ ။ ၁၅ ။
အင်္ဂါ ။ ။ ၈ ။
ဗုဒ္မဟူး ။ ။ ၁၇ ။
စနေ ။ ။ ၁၀ ။
ကြာသပတေး ။ ။ ၁၉ ။
ရာဟု ။ ။ ၁၂ ။
သောကြာ ။ ။ ၂၁ ။
၂ ။ ။ မိမိရောက်သက်ကို တည်ပြီး ၆ နဲ့  မြှောက် ၁၂ နဲ့ စား ၀ ကြွင်းရင် ထီပေါက် အမွေရတတ်တယ်။
** နှစ်နည်းစလုံးနဲ့ ကိုက်မှ ပေါက်မှာလားအကို
* မဟုတ်ဘူး တနည်း နဲ့ ကိုက်ရင် ရပြီ
** ဟုတ်ကဲ့ ဆက်ပြောပါအကို
* ပုတီးစိတ်ရမှာက ပထမဆုံး ပိတောက် (သို့ ) နံသာဖြူသား ပုတီး တစ်ကုံးကို ရှာပါ။
နမော တသ ၃ ခေါက် ပုတီး ၃ လုံး
ပဌာန်း ။ ၂၄ ။
ဗုဒ္မံသရဏံ ဂစ္ဆာမိ ။ တစ်လုံး
ဓမ္မံ ။ ။ ။ ။
သံဃံ ။ ။ ။ ။
ပဌာန်း ။ ၂၄ ။
ဒုတိယမ်ပိ ဗုဒ္မံ ။ ။ တစ်လုံး
။ ဓမ္မံ ။ ။ ။
။ သံဃံ ။ ။ ။
ပဌာန်း ။ ၂၄ ။
တတိယမ်ပိ ဗုဒ္မံ ။ ။ တစ်လုံး
။ ဓမ္မံ ။ ။ ။
။ သံဃံ ။ ။ ။
ပဌာန်း ။ ၂၄ ။
အားလုံးပေါင်းရင် ၁၀၈ လုံး ပုတီးနဲ့ အကိုက်ပဲ။ ဂါထာလည်း အဆုံး ပုတီးလည်း အဆုံး ကိုက်နေရမယ်။
တကယ်လို့  ပုတီး အလုံးရေ ပိုနေတာပဲ ဖြစ်ဖြစ် လိုနေတာပဲ ဖြစ်ဖြစ် မှားသွားရင် ပြန်စိပ်ရမယ်။
ပုတီး တစ်ပတ်လို့ မမှတ်ရဘူး ။ အဲ့ ဒါ တစ်ခုတော့ သတိထားရမယ်။ ပြီးရင် ထီပေါက်ပါစေလို့  ဆုတောင်းပေါ့ကွာ
** ဟုတ်ကဲ့အကို
* ထီပေါက်ကံ ရှိတယ်ဆိုရင်တော့ အဲ့ဒီနှစ်အတွင်း ကျိုးစားပြီး လုပ်ပေတော့
** ဘယ်နှစ်ပတ် စိတ်ရမှာလဲ အကို
* မနက် ဖြစ်စေ၊ ညဖြစ်စေ တစ်နေ့  (၁၀) ပတ် စိတ်ရမယ်
* ထူးခြားတာ တစ်ခု ပြောရဦးမယ်။ အကို့ ဆရာ ရှိစဉ်က မိန်းမ တစ်ယောက်ကို ပေးပြီးစိတ်ခိုင်းလိုက်တာ။ ညဖက် အိမ်မက်ထဲမှာ နေ့ တိုင်း ဂဏန်း တစ်လုံး လာလာ ပြီးပြောနေလို့  ရပ်ကွက်ထဲမှာ တစ်လုံး မယ်တော်လို့ တောင် နာမည် ကြီးဖူးတယ်ဆိုပဲ
** ဟုတ်လား တယ်ဟုတ်ပါလား အကို ဘာလို့ အိမ်မက်က နှစ်လုံး မပေးတာလဲ
* အင်း အဲဒါတော့မင်း ကျင့်ကြည့်လို့  အိမ်မက်ထဲမှာ လာပြောတော့မှပဲ မေးကြည့်ပေတော့
** ဟာ အကိုကတော့လုပ်ပြီ

 yoyarlay
Share this article :

1 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map