<div style='background-color: none transparent;'></div>

Home » » မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များ

မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များ

မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များကို မေးမြန်း ဖော်ပြလိုက်ပါသည်။

Air Bagan မဏ္ဍပ်

မြန်မာနိုင်ငံ၏ နာမည်ကျော် ရောခ့်ဂီတအဖွဲ့၏ ဝိုင်းတော်သားများဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့က ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် အကြိုနေ့မှ အကြတ်နေ့ အထိ လေးရက်တိုင်တိုင် ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း ပုဂံ Entertainment မှ ဦးဝင်းမြင့်စိုးက ပြောကြားသည်။

My New April မဏ္ဍပ်

"မင်းလမ်း ရခိုင်မုန့်တီဆိုင် ရှေ့က My New April မဏ္ဍပ်မှာ နန်းဆုရယ်၊ အောင်လ၊ ဆိုတေး၊ ရတနာမိုင်တို့က ဖျော်ဖြေကြမှာပါ" ဟု တေးသံရှင်သရုပ်ဆောင် နန်းဆုရတီစိုးက The Voice သို့ ပြောကြားသည်။



Grand Royal မဏ္ဍပ်

လူငယ်ပရိသတ်ကြိုက် S.I.R ရောခ့်ဂီတအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော Big Bag၊ Wanted၊ Idiots အဖွဲ့တို့က ကန်တော်ကြီး မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း S.I.R အဖွဲ့၏ မန်နေဂျာ ကိုဒီမိုက The Voice သို့ ပြောဆိုသည်။

Alpine မဏ္ဍပ်

"ကျွန်တော်က ဒီနှစ်သင်္ကြန် ရန်ကုန်က Alpine မဏ္ဍပ်မှာ ရှိပါမယ်" ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ပြောကြားသည်။

The Voice Weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map