<div style='background-color: none transparent;'></div>

Home » » ရေကျော်ဗလီ မီးလောင်မှုနှင့်ပက်သက်ပြီး သတင်းစာရှင်းလင်း

ရေကျော်ဗလီ မီးလောင်မှုနှင့်ပက်သက်ပြီး သတင်းစာရှင်းလင်း

ယနေ့ နံက်ပိုင်းက ဖြစ်ပွားခဲ့သော ၄၈ လမ်း မီးလောင်မှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့၊ နံနက် ၁၁ နာရီ ခန့်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။ ယင်းသတင်းစာ ရှင်းပွဲ၌ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက "မီးသတ်သမားတွေ အထဲဝင်ဖို့ လုပ်နေတုန်းမှာ အထဲမှာ ဗလီဆရာ နှစ်ယောက်ရှိတယ်။ သူတို့က သော့ကို ဖွင့်မပေးကြဘူး။ သော့နှစ်လုံး ခတ်ထားတာကို ဖျက်ပြီး ၀င်ကြရတယ်။ အထဲက ကလေးတွေ မီးခိုးမွှန်ပြီး သေဆုံးကြတာ။ အမှန်ဆိုရရင် သူတို့လေးတွေ
မသေသင့်ပဲ သေကြရတာပါ။ ဗလီဆရာ နှစ်ယောက်ရဲ့ မှားယွင်းစွာ ဆုံးဖြတ်ချက်ကြောင့်။ သူတို့သော့ဖွင့် ပေးကြမယ်ဆိုရင် ကလေးတွေကို ကယ်နိုင်မှာပါ။ အဲဒီနှစ်ဦးကို ကျွန်တော်တို့ အရေးယူပါ့မယ်"ဟုပြောခဲ့သည်။ ပြင်ပတွင် ထွက်ပေါ်နေသော ကောလာဟလများ ကဲ့သို့မဟုတ်ပဲ အတွင်းရှိ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောပါသည်။
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map