<div style='background-color: none transparent;'></div>

Home » » “မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို”

“မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို”


ပရိသတ်တွေရဲ့ အားပေးမှုနေရာ တစ် နေရာရရှိထားတဲ့ မိုးဟေကိုက ဒါရိုက် တာညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကိုနေ မင်း၊ဝါဝါအောင်
တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

မိုးဟေကိုက မိခင်ကို ပြည်ပနိုင်ငံမှာ ဆေးသွားကုသပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ပါသေးတယ်။ ခရီးထွက်ဖြစ်နေတဲ့အချိန်မှာ တော့ ကား ရိုက်တွေ
ကို ခဏနားခဲ့ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး မိုးဟေကိုက…”မိုးခရီးသွားနေလို့ ခဏနားထားပါတယ်။



အမေကလည်း နေမကောင်းတာနဲ့ ဆေးခန်းသွားပြ တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို ကြိုဖြတ်ပြီးတော့ နှစ်ပတ်ကြာသွားခဲ့တယ်။ အဓိကတော့ အမေဆေး
ခန်း သွားပြ တာပါ”လို့ ပြောပါတယ်။

နှစ်တိုင်းသင်္ကြန်ကို မိသားစုနဲ့အတူ ဖြတ်သန်းလေ့ရှိတဲ့ မိုးဟေကိုက ဒီနှစ်
သင်္ကြန်ကိုတော့ မိသားစုနဲ့အတူ တရားစခန်းဝင်ဖို့ ရှိကြောင်း ပြောပါ တယ်။ မိုးဟေကိုက သင်္ကြန်ပြီး ရင်တော့ ဓာတ်ပုံ ကြော်ငြာအတွက် နိုင်ငံခြားမှာ သွား ရောက်ရိုက်ကူးဖို့ရှိကြောင်းပြောပြခဲ့ပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map