<div style='background-color: none transparent;'></div>

Home » » လှည်းတန်းခုံးကျော်တံတားစတင်ဖွင့်လှစ်

လှည်းတန်းခုံးကျော်တံတားစတင်ဖွင့်လှစ်

ရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိသော ခုံးကျော်တံတား သုံးစင်းအနက် ပထမဆုံးပြီးစီးခဲ့သောလှည်းတန်းခုံးကျော်တံတားကို ဧပြီလ ၁၀ ရက် နံနက် ၆ နာရီမှစတင်၍ မော်တော်ယာဉ်များဖြတ်သန်းမောင်းနှင်အသုံးပြုခွင့်ပေးခဲ
သည်။

စတင်အသုံးပြုခွင့်ပေးခဲ့သည့် နံနက်ပိုင်းတွင်ပင် ခုံးကျော်တံတားအပေါ်မှစတင်ကာ နာနတ်တောမီးပွိုင့်၊ ဟံသာဝတီအ၀ိုင်းနှင့် မြေနီကုန်းလမ်းဆုံအထိ ယာဉ်
ကြောပိတ်ဆို့မှုအချို့နှင့် စတင်ကြုံတွေ့နေရကြောင်း တံတားအသုံးပြုမောင်းနှင်သူယာဉ်မောင်းများကပြောသည်။



လှည်းတန်းခုံးကျော်တံတားမှာ လက်ရှိတွင် စမ်းသပ်မောင်းနှင်အသုံးပြုခွင့်ပေးခြင်းသာဖြစ်ပြီး အသုံးပြုသောယာဉ်အစီးရေ၊ မီးပွိုင့်စနစ်၊ လမ်းကြောင်းများကို
စစ်တမ်းကောက်ယူလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ယနေ့နံနက်ပိုင်းက မီဒီယာများသို့ပြောသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
 7Day News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map