<div style='background-color: none transparent;'></div>

Home » » လူ ၁၀၀ ကျော် ကယ်တင်ခဲ့တဲ့ ၁၀ နှစ်သမီး

လူ ၁၀၀ ကျော် ကယ်တင်ခဲ့တဲ့ ၁၀ နှစ်သမီး



2004 ခုနှစ် ဆူနာမီဖြစ်တုန်းက ၁၀ နှစ်သမီးလေးတစ်ယောက်ဟာ လူပေါင်းအယောက် ၁၀၀ ကျော်ကို ကယ်တင်ခဲ့ပါတယ်...

Tilly Smith လို့အမည်ရတဲ့ ဒီကလေးမလေးဟာ အင်္ဂလန်နိုင်ငံက ၁၀ နှစ်အရွယ်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်... ဆူနာမီဖြစ်ပွားခဲ့တဲ့ 2004 ခုနှစ်အတွင်းမှာ သူမဟာ မိသားစုနဲ့အတူ ထိုင်းနိုင်ငံကိုအလည်ရောက်ရှိနေပါတယ်...

ကမ်းခြေမှာ သူမရဲ့ညီမငယ်လေးနဲ့ဆော့ကစားနေတုန်း ရေပြင်ရဲ့လှုပ်ရှားပုံဟာ တစ်မူထူးခြားနေတယ်ဆိုတာ သူမသတိပြုမိပါတယ်... အလည်အပတ်ခရီးမထွက်ခင် နှစ်ပတ်လောက်တုန်းက ပထဝီချိန်မှာ ကျောင်းမှာသင်ခဲ့ရတဲ့ သင်ခန်းစာတွေကိုသတိရပြီး ဆူနာမီလှိုင်းတွေလာတော့မယ်လို့ ထင်တဲ့အကြောင်း မိဘတွေကိုသွားပြောခဲ့ပါတယ်....


သူမက ရေပြင်ရဲ့လှုပ်ရှားမှုဟာ အနည်းငယ်ထူးဆန်းနေပြီး ဆူနာမီလှိုင်းရဲ့ ရှေ့ပြေးအခြေအနေနဲ့တူကြောင်း ရှင်းပြခဲ့ပါတယ်... သူမရဲ့မိဘတွေက ဟိုတယ်ဝန်ထမ်းတွေကို ဆူနာမီလှိုင်းလာတော့မယ့်အကြောင်း သတိပေးပြီး ပတ်ဝန်းကျင်ကလူတွေကို ချက်ချင်းရှင်းလင်းရွှေ့ပြောင်းနိုင်ခဲ့ပါတယ်...

မိနစ်အနည်းငယ်ကြာတဲ့အခါ ဆူနာမီလှိုင်းလုံးတွေဟာ ဟိုတယ်ကို အံ့အားသင့်ဖွယ်ပြင်းအားနဲ့ လာရောက်ရိုက်ခတ်ပါတော့တယ်... ၁၀ နှစ်သမီး ကလေးတစ်ယောက်ရဲ့ ကျောင်းစာအပေါ် ဂရုတစိုက်မှတ်သားမှုကြောင့် အဲ့ဒီနေ့က တစ်ဦးတစ်ယောက်မှ ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာမရခဲ့ကြပါဘူး....

ဒီကလေးမလေးအကြောင်းရေးထားတဲ့ မူရင်းလင့်ကတော့...
http://www.telegraph.co.uk/news/1480192/Girl-10-used-geography-lesson-to-save-lives.html

Ref: Facts and GK+

နှိုင်းရင့်နွေ
Share this article :

1 comments:

witch83 said...

ကလေးမလေးက တော်လိုက်တာ။ စာသင်ပုံသင်ယူနည်း မတူတာကြောင့်လည်း ပါမယ်ထင်ပါရဲ့ ။

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map