တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချ
မည်ဟု မိမိပြောကြား ခဲ့ သည် ဟု သတင်း ဂျာ နယ်အချို့တွင်ဖော်ပြနေခြင်း
များမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးစိုး သိမ်း ကပြောသည်။
ရန်ကုန် မီဒီယာက ပြည်ထောင်စု ၀န်ကြီးနှင့်ဆက် သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါ အတိုင်ြး ငင်း ဆို လိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင်
ရောင်းချပေးမှာ မှန်ပါတယ်။ဒါပေ မယ့် ကျပ် နှစ်ေ သာင်း နဲ့ရောင်း မယ်လို့
ကျွန်တော် မပြောခဲ့ပါဘူး။ ဘယ်လောက် နဲ့ရောင်းမယ် ဆိုတာ ကျွန်တော် သိပေမယ့်
ပြောခွင့် မရှိပါဘူး။သက်ဆိုင်ရာ ၀န်ကြီးဌာန ကသာ တရားဝင်ကြေ ညာ ထုတ်ပြန်
ပေး မှာ ဖြစ် ပါ တယ်`ဟု ဦးစိုးသိမ်း ကပြောသည်။
`တကယ်ရောင်း တဲ့အခါ အခုပြောနေတဲ့ ကျပ်နှစ်သောင်း ဆိုတာ ထက် အများကြီးလျော့
နည်းတဲ့ဈေး နဲ့ရောင်း မှာ ပါ။ထောင် ဂဏန်း မျှသာဖြစ်ပါ လိမ့်မယ်။
အဲသလောက်ပဲ ကျွန်တော်ပြောပြ ပါရစေ`ဟု ပြည်ထောင် စု ၀န်ကြီးက
ဆက်လက်ပြောဆိုသည်။
Yangon Media Group
0 comments:
Post a Comment