<div style='background-color: none transparent;'></div>

Home » » . . . အတုယူဖွယ် မိဘ . . .

. . . အတုယူဖွယ် မိဘ . . .


ကျွန်တော်တို့ ရွာကလေးဟာ မြစ်ဝကျွန်းပေါ် ဒေသမြစ်ချောင်း အင်းအိုင်တွေပေါတဲ့ အရပ်မှာပါ။ တည်ဆောက်ထားတဲ့ အိမ်ကလေးတွေကလည်း မြစ်ကမ်းနံဘေး တွေမှာ ချောင်းကမ်းစပ် နံဘေး တွေမှာ အစီအရီပေါ့

ဒါကြောင့်မို့ လည်း လူတိုင်းနီးပါးဟာ မွေးရာပါ အတတ်ပညာ တစ်ခုလိုမျိုး ရေကူးကျွမ်းကျင် ကြပါတယ်။ အသက် ၆ နှစ် ၇ နှစ်ဆိုရင် ကလေးတွေ ရေစကူးတတ် နေကြပါပြီ။ သူငယ်တွေ အချင်းချင်း ရေအိုင်ထဲ ရေမြောင်းထဲ ရွှံ့ တွေ ဗွက်တွေထဲမှာ အတူဆော့ကြရင်းနဲ့  ရေကူးတတ် သွားကြတာ မျိုးပါ။

ဟိုတစ်လောက ကျွန်တော်ရွာကို ရောက်တော့ ချောင်းရိုးတစ်လျှောက် လှေနဲ့ သွားရင်း

ကလေးတစ်ယောက်ဟာ ချောင်းထဲကို ကိုင်းကျနေတဲ့ သစ်ပင်တစ်ပင်ပေါ် တက်ဆော့နေတုန်း ခါချဉ်တွေ ၀ိုင်းကိုက်ခံရလို့  ချောင်းရေထဲ ပြုတ်ကျသွားတာ တွေ့ လိုက်ရတယ်။ ကျွန်တော်တို့ ဒေသမှာ ကလေးတစ်ယောက် ရေထဲပြုတ်ကျ သွားတာဟာ အဆန်းမဟုတ်ပေမယ့် သူအော်ဟစ် အကူအညီတောင်း လိုက်တဲ့အသံက အထူးအဆန်းဖြစ်နေတယ်။ သူ့ မိဘတွေက ဘယ်လိုသင်ပေး ထားတယ် မသိပါဘူး။

" အဖေတို့  အမေတို့  ရေ... သမီးကိုခါချဉ်တွေ ၀ိုင်းကိုက်လို့  ခုရေထဲပြုတ်ကျ နေတယ်။ ခါချဉ်တွေပါ ရေနစ်သေကုန် လိမ့်မယ် လာဝိုင်းဆယ်ပေး ကြပါဦး "... တဲ့။

ဒီမိဘတွေနဲ့  ဒီကလေး အရမ်းလေးစားဖို့ ကောင်းပါတယ်။
. . . .

ဒေါက်တာကျော်လွင်
today myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map