<div style='background-color: none transparent;'></div>

Home » » သင်္ကြန်ကို Grand Royal မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်းမယ့် စန္ဒီမြင့် လွင်

သင်္ကြန်ကို Grand Royal မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်းမယ့် စန္ဒီမြင့် လွင်

စန္ဒီမြင့်လွင်က ဒီနှစ်သင်္ကြန်ကို မျှော်စင်ကျွန်းက Grand Royal မဏ္ဍပ်မှာ သီချင်းဆိုရင်းဖြတ်သန်း မှာဖြစ် ပါတယ်။အနုပညာအလုပ်စလုပ်တဲ့ အချိန် ၁၉နှစ်အရွယ်က မန္တလေးမှာ ပထမဦးဆုံး သီချင်းစဆိုခဲ့တာဖြစ်ပြီး နှစ်တိုင်း သင်္ကြန်မှာသီချင်းတွေ ဆို ရင်းပဲ ဖြတ်သန်းခဲ့ကြောင်း၊ သင်္ကြန် ဆိုရင် ထူးထူးခြားခြား ပျော်ခဲ့တာမျိုးတွေ မရှိကြောင်းကို စန္ဒီမြင့်လွင်က “သင်္ကြန်ဆိုရင် သိပ် ပျော်ခဲ့ရတာမရှိဘူး။ သီချင်း တွေဆိုတယ် ။ပြီးရင်ပြန် တယ်။ ဒီ လောက်ပဲ။သင်္ကြန်မှာ
သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ပျော်တာတွေလည်း သိပ်မရှိ ဘူး။ ပျော်တတ်ဖို့ပဲ အရေးကြီး ပါတယ်။ အပျော်လွန်တာ ကတော့ ဘယ်အရာမှ မကောင်းဘူးလေ။အပျော်မကျူးစေဖို့ပဲ။ ကောင်းသော ပျော်ရွှင်မှုနဲ့ပဲ ပျော်ဖို့အရေးကြီးပါ တယ်” လို့ ပြောပါတယ်။ စန္ဒီမြင့် လွင်က လတ်တလောမှာ ‘အုတ်ကြား မြက်ပေါက်’ ရုပ်ရှင်ဇာတ်ကားကြီးမှာ စိုးမြတ်သူဇာရဲ့ ငယ်ဘဝနေရာက သရုပ်ဆောင်ခဲ့ပါတယ်။ စန္ဒီ မြင့် လွင်က သင်္ကြန် မတိုင်ခင်နယ်ရှိုးပွဲ တွေသီဆိုဖို့ ရှိသလို၊ အတွဲခွေတွေ မှာလည်း သီချင်းတွေ ဆိုဖြစ်ပြီး အခုအချိန်ထိ အားပေးနေတဲ့ သူ့ရဲ့ ပရိသတ်တွေ အတွက် ကျေးဇူးတုံ့ ပြန် တဲ့ အစီ
အစဉ်ေ တွလည်း လုပ်ဖို့ ရှိ ကြောင်း ပြောပါ တယ်။

ခိုင်ဝေလွင်
 popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map