မိတ္ထီလာ မီဘေးရှောင်များထဲတွင် စိတ်သောကရောက်မှုကြောင့် နိုတိုက်မိခင် များ နို့မထွက်သောကြောင့်
လငယ်သောလသားအရွယ် နို့စို့ကလေးများ အတွက်အရေပေါ်နို့မှုန့်နဲ့နို့ဘူး
အရေးတကြီး လိုအပ်နေပါတယ်။ ထို့ပြင်း ခလေးငယ် အသုံးဆောင် ပစ္စည်းများနှင့် အမျိုးသမီးအသုံးဆောင် ပစ္စည်းများကိုပါ အလေးထား၍
မနက်ဖြန်သွားမည့်သူများ လှူဒါန်စေလိုပါတယ်
(ယောင်္ကျာတွေက လုံချည်တစ်ထည်နဲ့လည် ကိစ္စမရှိဘူး အမျိုးသမီးတွေမှာ ကိရိကထအမတန်များသလို ခလေးသူငယ်ချင်းတွေအတွက် မှတ် ခြင် ဆိုတဲ့အကောင်တွေနဲ့ရောဂါဘယတွေဖြစ်မှာလည် စိုးရိမ်းရပါတယ် နောက်ပြိး သက်ကြီးရွယ်အိုးအဘိုဘွာတွေပါ အရေးကြီးပါတယ်)
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။
( မင်းယုဝေ )
(ဒါလေးတော့ရှယ်ပေးကြပါဦး)
မန္တလေးက မိတ်ဆွေက ဆရာတော် ဦးဝီရသူကိုဆက်သွယ်ပြီး ရန်ကုန်က မိတ်ဆွေတွေကတော့ ရန်ကုန်နာရေးကူညီမှုအသင်း ဆက်သွယ်ပြီးလှူဒါန်ကြပေါ့ဗျာ
World0fWisdom


0 comments:
Post a Comment