<div style='background-color: none transparent;'></div>

Home » » သူက သင့်အချစ်ကို လှည့်စားနေတာဟုတ်မဟုတ် facebook ပေါ်ကနေ ဘယ်လို သိနိုင်မလဲ ??

သူက သင့်အချစ်ကို လှည့်စားနေတာဟုတ်မဟုတ် facebook ပေါ်ကနေ ဘယ်လို သိနိုင်မလဲ ??



(၁) chat ထဲမှာ သူက သင့်ကို "ချစ်ရေ သဲရေ ကိုရေ မောင်ရေ" အစရှိသဖြင့် ချစ်သူတစ်ယောက်လို ပြောဆိုဆက်ဆံပေမယ့် လူမြင်နိုင်တဲ့ status တွေ cmt တွေမှာတော့ သာမန်သူငယ်ချင်း တစ်ယောက်လိုပဲ ပြောဆိုဆက်ဆံတတ်တယ် ။

(၂) သင့်ဘက်က သူ့ကို "ချစ်ရေ သဲရေ ကိုရေ မောင်ရေ" အစရှိသဖြင့် ပြောဆိုဆက်ဆံခဲ့ရင်လည်း သူ့ဘက် reply ပြန်လုပ်လေ့မရှိပါဘူး ။

(၃) သူ့ရဲ့ photo တွေအောက်မှာ သင်က "အရမ်းချစ်ဖို့ကောင်းတာပဲ အရမ်းလှတယ်" အစရှိသဖြင့် comment ပေးခဲ့ရင် သူက သင့်ကို တခြားသူတွေလိုပဲ ကျေးဇူးတင်ကြောင်းလောက်ပဲ reply ပြန်လေ့ရှိတယ် ။

(၄) သင့်ဘက်က relationship request ပို့ရင်လည်း " facebook ပေါ်မှာ relationship လုပ်ထားမှ တကယ်ချစ်တယ် ထင်တာလား " ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး ငြင်းလေ့ရှိပါတယ် ။



(၅) သင့်ဘက်က တခြားကောင်လေး / ကောင်မလေးတွေနဲ့ သူသ၀န်တိုအောင် ရင်းရင်းနှီးနှီးဆက်ဆံပြရင်လည်း သူ့ဘက်က သ၀န်တိုလေ့ မရှိဘူး ။

(၆) သင့်ဘက်က သူ့တစ်ယောက်ထဲကို mentioned လုပ် tagged လုပ်တဲ့ post တွေ ကဗျာတွေကို သူ့ဘက်က ကြည်ကြည်နူးနူးဖြစ်နေလေ့မရှိဘူး ။

(၇) သူ့ရဲ့ facebook password ကို တောင်းရင်လည်း အကြောင်းအမျိုးမျိုးပြပြီး ငြင်းတတ်သလို ... သင့် password သူ့ကိုပေးထားရင်တောင် သူ့ဘက်က စိတ်ဝင်တစားနဲ့ ဖွင့်ကြည့်လေ့မရှိဘူး ။

(၈) တခြားကောင်လေးတွေ / ကောင်မလေးတွေနဲ့ အနှောင့်အသွားမလွတ်တဲ့ စကားလုံးတွေ ပြောတတ်ဆိုတတ်ပါသေးတယ် ။

(၉) သူ့ဆီမှာ သင့်အပြင် တခြားတစ်ယောက်ယောက်ရှိနေနိုင်တယ်လို့လည်း သင့်စိတ်ထဲမှာ မကြာခဏ ခံစားရလိမ့်မယ်။

(၁၀) သင့်ဘက်က "ဘာဖြစ်လို့ facebook ပေါ်မှာ ငါ့ကိုချစ်သူတစ်ယောက်လို မဆက်ဆံတာလဲ" လို့မေးခဲ့ရင်လည်း "အိမ်ကလူကြီးတွေ သိသွားမှာစိုးလို့" ... " facebook ပေါ်မှာ အဲ့ဒီလိုမျိုးတွေ မပြောတတ်ပါဘူး ရှက်စရာကြီး" အစရှိသဖြင့် ဆင်ခြေအမျိုးမျိုးပေးလေ့ရှိတယ်။


.ပိုးဟပ်ဖြူ.
 ( Heart Canteen )
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map