<div style='background-color: none transparent;'></div>

Home » » တောင်ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများအတွက် အထူးသတင်း

တောင်ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများအတွက် အထူးသတင်း

မတ်လ၁၈ရက်နေ့မှ စတင်ပြီး အထောက်အထားမဲ့အလုပ်သမားများ (ဗီဇာမဲ့ တရားမ၀င်နေထိုင်သူ) အား စတင် ဖမ်းဆီးရန် တရားရေးမှ ကြေညာ

တရားရေးဝန်ကြီးဌာနဟာ လာမည့် မတ်လ ၁၈ရက်နေ့မှ စတင်ပြီး အထောက်အထားမဲ့(ဗီစာမဲ့)နေထိုင် အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်းအလုပ်သမားများအား စတင်ဖမ်းဆီးသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ဖမ်းဆီးရာတွင် သက်ဆိုင်ရာ ဒေသအသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးဌာနများ အချင်းချင်း ပူးပေါင်းပြီး ဖမ်းဆီးမယ့် နည်းလမ်းကို အသုံးပြုမှာဖြစ်ပါတယ်။

တရားရေးဝန်ကြီးဌာနဟာ ဖမ်းဆီးမယ့် ရက်မတိုင်မီ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်လုပ် ကိုင်လေ့ရှိကြတဲ့ ဒေသတွင်းရှိ လုပ်ငန်းရှင်များထံ ကြိုတင်ပြီး အသိပေးစာများအား ပေးပို့သွား မှာ ဖြစ်ပါတယ်။ အသိပေးစာတွင် အထောက်အထားမဲ့ အလုပ်သမားများအား အသုံးပြုပါက ငွေဒဏ် ၀မ် သိန်း၂၀၀ (သို့) ထောင်ဒဏ် ၃နှစ်ကျခံရမှာ ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားများအား အသုံးပြုခွင့်ကို လည်း ဆုံးရှုံးရမှာဖြစ်ကြောင်း ပါရှိပါတယ်။



ကိုရီးယားတွင် အီးပီအက်စ်စနစ်ဖြင့် ၀င်ရောက်အလုပ်လုပ်ကိုင်သူများ အနက် မနှစ်က သက်တန်းပြည့်သူ ၄သောင်းအနက် တစ်သောင်းကျော် ဟာ အထောက်အထားမဲ့ အလုပ်သမားအဖြစ်ဖြင့် ဆက်လက် အလုပ်လုပ် ကိုင်နေထိုင်လျှက်ရှိနေကြပါတယ်။
ဒါကြောင့် ယခုနှစ်တွင် အထောက်အထားမဲ့ အလုပ်သမားအရေအတွက် ၂သိန်းကျော်မည် ဖြစ်ပြီး ၂၀၁၄ တွင် ၂သိန်း၂သောင်းကျော်မယ်လို့ ခန့်မှန်းနေကြပါတယ်။

လာမည့် မတ်လ ၁၈ရက်နေ့မှ စတင်ပြီး ရွှေ့ပြောင်းအလုပ်သမားများ ထူထပ်တဲ့ နေရာတွေမှာ ဖမ်းဆီးမှုတွေကို စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အစိုးရရဲ့ အဖမ်းအဆီးများကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့် အရေးအဖွဲ့အစည်းများကလည်း ကန့်ကွက်ကြေညာစာများကို ထုတ်ပြန်ဖို့ စီစဉ်နေကြပါတယ်။
နေ့စဉ် ချွေး တရွှဲရွှဲဖြင့် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေထိုင်ကြသူ ရွှေ့ပြောင်းအလုပ်သမားများ အားလုံး မထိမခိုက်ပဲ ဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပါတယ်။
Ko Naung


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map