<div style='background-color: none transparent;'></div>

Home » » “ ဧပြီ၁ဝ ရက်နေ့ မွေးနေ့ရှိုးနဲ့ အွန်လိုင်းပေါ်က ဓာတ်ပုံအကြောင်းပြောပြသူ စိုင်းစိုင်းခမ်းလှိုင်”

“ ဧပြီ၁ဝ ရက်နေ့ မွေးနေ့ရှိုးနဲ့ အွန်လိုင်းပေါ်က ဓာတ်ပုံအကြောင်းပြောပြသူ စိုင်းစိုင်းခမ်းလှိုင်”



‘စိုင်းစိုင်းကို ချစ်တယ်’ဇာတ်ကား အကြိုပြသတဲ့ပွဲမှာ စိုင်းစိုင်း ခမ်းလှိုင်နဲ့ တွေ့ခဲ့ရပါတယ်။ ဒီဇာတ် ကားမှာတော့ စိုင်းစိုင်းခမ်းလှိုင်က သရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရသလို ရူးရူးမူးမူးချစ်တဲ့ ပရိသတ်တစ်ယောက်အကြောင်းကို လည်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး စိုင်းစိုင်း ခမ်းလှိုင်က “ဒီ ‘စိုင်းစိုင်းကိုချစ်တယ်’ ဇာတ်ကားဇာတ်ညွှန်းလေးကျွန်တော့် ဆီရောက်လာတဲ့အချိန်မှာ ပိုင်ဖြိုးသု က ကျွန်တော့် ပရိသတ်တွေကိုယ်စား သရုပ်ဆောင်မယ်။

ကျွန်တော်က တော့ စိုင်းစိုင်းနေရာကပဲ သရုပ် ဆောင်မယ်ဆိုတော့ ကျွန်တော် စိတ် ဝင်တစား၊ စိတ်လှုပ်ရှားစွာနဲ့ လက် ခံဖြစ်ခဲ့ပါတယ်။အပြင်မှာလည်း ကျွန် တော့်ကိုသဲသဲလှုပ်ချစ်တဲ့ ပရိသတ် တွေကိုကြုံဖူးပါတယ်။ တစ်ယောက် ကဆို ကျွန်တော့်နာမည်ကို တက်တူး ထိုး ထားတာမြင်ရတော့ ပထမဆုံးအကြိမ် တအားကို မှင်တက်သွားခဲ့တယ်။ ဒီဇာတ် ကားမှာက ‘အာဒံရယ်၊ဧဝရယ်၊ဒသရယ်’ ဇာတ်ကားလို မျိုး သရုပ်ဆောင်ကြီးတွေမပါဘူး။ မင်းသမီးကလည်း အသစ်မင်းသားကလည်း ကျွန်တော်တစ်ယောက် တည်း ဆိုတော့ ကြည့်ပြီးမှ ဝေဖန် ပေးပါ။

တကယ်တမ်းအလုပ်လုပ်တဲ့ နေရာမှာတော့ ပိုင်ဖြိုးသု ရိုက်ကွင်း ပေါ်မှာ အသစ်တစ် ယောက်မဟုတ် ပါဘူး။

တကယ်ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ ကျွန်တော့်ထက်ပို ကြိုးစား၊ ပိုပြီးအလုပ်ကို လေးစားပါ သေးတယ်။ ရိုက်ကူးရေးပိုင်းမှာ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ရလာတဲ့ ရလဒ်အပေါ်မှာ ပရိသတ် ကကျေနပ်မယ်လို့ထင်ပါတယ်။ ကျွန် တော်ဒီဇာတ်ကားရိုက်တဲ့အခါ ကျွန် တော်ကို ရူးရူးမူးမူးချစ်မြတ်နိုးတဲ့ ပရိ သတ်တွေနဲ့ တွေ့တဲ့အချိန်မှာဘယ်လိုတုံ့ပြန်လဲ၊ အပြင်မှာဆို စိတ်ခံစား မှုဖြစ်စေခဲ့ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပါ။ မေတ္တာအသွား အပြန်ဆိုတာကိုယုံကြည်တယ်။ ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေကို ကျွန်တော်ကလည်း ချစ်တယ်”လို့ ပြောပါတယ်။

ဧပြီ ၁ဝ ရက်နေ့မွေးနေ့ကိုတော့ ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင် ကျွန်းမှာ ကျင်းပမှာဖြစ်ရာ ည နေ၅ နာရီလောက်ကနေ တံခါးစဖွင့်ပြီး ၆နာရီလောက်ကျရင် ပွဲစမယ်လို့ဆို သူ စိုင်းစိုင်းခမ်းလှိုင်က “၂နှစ်စာ ပေါင်းပြီးကျင်းပရမယ့်ပွဲဖြစ်တဲ့ အတွက် အစီ အစဉ်ကို ပထမပိုင်း၊ ဒုတိယပိုင်း ၂ ပိုင်းခွဲပြီးတင်ဆက်ပါမယ်။ အရင် နှစ်တွေက အတိုင်းပဲမို့ ဖျော်ဖြေ ပွဲတစ်ခုဆိုတာထက်ပိုတဲ့ Fun gathering party တစ်ခုဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲ၊ ပျော်ရွှင်ပွဲတစ်ခုဖြစ်ပါ တယ်။ ကျွန်တော်လည်း ပျော်ချင်ပါတယ်။ ကျွန် တော့်ပွဲကိုပရိသတ်အားလုံး တက် ရောက်ချီးမြှင့်ပါလို့ ဖိတ်ချင်ပါတယ်။ ရှိုးပွဲလက်မှတ်တစ်စောင်ကို ၆၅ဝဝ နဲ့ရောင်းပါမယ်။ ပထမဆုံးဝယ်တဲ့ လက်မှတ်အစောင် တစ်ထောင်ကို Birthday Show T Shirt လက် ဆောင်ပေးမယ်။နောက်ကျွန်တော် ‘ဒိတ်ဒိတ်ကြဲ’ သီချင်းခွေ ထွက်တုန်းက Form လေး ဖြည့်ပြီးတော့ ကျွန်တော့် ကိုပို့ပေးပါလို့တောင်း ဆိုခဲ့ဖူးတယ်။ အဲဒီမှာ ပရိသတ်တွေက သူတို့ရဲ့ Data တွေပေးထားပါတယ်။ ကျွန်တော့် ပရိသတ်တွေရဲ့ လိပ်စာ၊ Email၊ ဖုန်းနံပါတ်တွေ၊ ဖေ့စ်ဘုတ်တွေ ရှိပါတယ်။ ဒီအထဲကနေ အယောက်တစ်ထောင်ကို မဲနှိုက်ရွေးချယ်ပြီး ဖိတ်မယ်။ မဲနှိုက်ရွေးချယ်မှပဲ တရားမျှတမှာလေ။ ကျွန်တော့်ကိုနှစ်စဉ်နှစ်တိုင်းပွဲလုပ်တိုင်း ရုပ်ရှင်ရိုက်တိုင်း အခွေထွက်တိုင်း မျက်နှာမငယ်ရအောင် အားပေးခဲ့ကြတဲ့ပရိသတ်တွေ ကျွန်တော့်ကြောင့် မျက်နှာမငယ် ရအောင် ကြိုးစားပါ့မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဒီနှစ်သင်္ကြန် အစီအစဉ်နဲ့ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က “ဒီနှစ်သင်္ကြန်က မဏ္ဍပ်ထိုးမှာပေါ့။ ရန်ကုန်မှာပဲ Alpineမဏ္ဍပ်လုပ်မယ်။

ကျွန်တော့် သူငယ်ချင်းတွေ၊ ပရိသတ် တွေလည်း ရှိမယ်။ ပျော်ပျော်ပါးပါး ရေ ကစားကြတာပေါ့။သင်္ကြန်မဏ္ဍပ်ထိုးတာက နာတာရှည်ရောဂါ တစ်ခုလိုပါပဲ။ သင်္ကြန်ပိုး ကိုသတ်နိုင်တဲ့ အန်တီဗိုင်းရပ်စ်ကပေါ်လည်း မပေါ်သေးဘူး။ဘယ်တော့မှလည်း ပေါ်လာမှာ မဟုတ်ဘူး။ အခုမနက်မိုးလင်းလာရင် ဦးညီထွဋ်ရဲ့ Rock N Roll သင်္ကြန်အခွေနဲ့ ကျွန်တော် အိပ်ရာထတယ်။ ရှုတင်သွားရင် သင်္ကြန်သီချင်းတွေ ဖွင့်တယ်။ရှုတင်မှာလည်း သင်္ကြန်သီချင်းတွေပဲအော် ဆိုနေတယ်။ အဲဒီလောက်ဆို ကျွန်တော် ဘယ်လောက် ဖြစ်နေလဲဆိုတာသိမှာပါ”လို့ ပြောပါတယ်။လတ် တလော အွန်လိုင်းပေါ်က ဓာတ်ပုံတစ်ပုံနဲ့ ပတ် သက်ပြီးလည်း စိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော် ဖေ့စ်ဘုတ် သုံးပါတယ်။ တခြားဖေ့စ်ဘုတ်သုံးတဲ့ လူငယ်တွေနည်းတူပဲ ကျွန်တော့်ရဲ့ လုပ်ငန်းခွင်မှာ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေတွဲ ရိုက်ပြီးဖေ့စ်ဘုတ် ပေါ်တင်တယ်။

အဲဒီလိုပဲ ကျွန်တော့်ပရိသတ်တွေကလည်း Junction Center၊ ရန်ကင်းစင်တာ၊ရှုတင်မှာ၊ တစ်နေရာရာမှာတွေ့ရင် ဓာတ်ပုံတွေ တွဲရိုက်တယ်။ ဓာတ်ပုံတွေတင်တယ်။ ပရိသတ် တွေ၊ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေက အွန်လိုင်းပေါ်မှာ နေ့စဉ်နဲ့အမျှ တက်နေမှာပါပဲ။ အဲဒီအတွက် အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေရှိနေတဲ့ အပေါ် ဖြေရှင်းစရာမဟုတ်ပါဘူး။ အားလုံးလည်း နားလည် သဘောပေါက်ပါတယ်”လို့ ပြောပါတယ်။

မေမွန်မောင်
 popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map