<div style='background-color: none transparent;'></div>

Home » » တက္က္ကသိုလ်မှ ပါမောက္ခတစ်ဦး ရောဂါအမည်တပ်မှား၍ သေဆုံး

တက္က္ကသိုလ်မှ ပါမောက္ခတစ်ဦး ရောဂါအမည်တပ်မှား၍ သေဆုံး


အသက် ၃၇ နှစ် အရွယ် တက္ကသိုလ်မှ ပါမောက္ခ ဖြစ်သူ လီဆာဟာ အဆုတ် ကင်ဆာ  ရှိတာကို ဆရာဝန် တွေက စိတ်ရောဂါဟု ထင်မှတ် မှားကာ မှားယွင်း ကုသ မှုကြောင့် သေဆုံး သွားတယ်လို့ သိရပါ တယ်။ သူမမှာ ရောဂါ ဝေဒနာတွေ ခံစားရ တာကြောင့် ဆရာဝန် သုံးဦးနှင့် ပြသရာမှာ ဆရာဝန် တွေက စိုးရိမ်စိတ် များပြီး စိတ်ကျ ရောဂါလို့ သတ်မှတ် ပေးခဲ့ပါတယ်။ နောက်ဆုံး အဆုတ် ကင်ဆာလို့ သတ်မှတ် ပေးတဲ့ အချိန် မှာတော့ ရောဂါဟာ ခန္ဓာကိုယ် အနှံ့သို့ ပျံ့နှံ့ သွားပြီလို့ သိရပါတယ်။
လီဆာဟာ ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှာ အသက်ရှူ မဝတာနဲ့ တရွှီရွှီ မြည်တာ တွေကြောင့်
ဆရာဝန်နဲ့ ပြသရာ ရင်ကျပ် ပန်းနာလို့ ရောဂါ သတ်မှတ် ပေးခံရပါတယ်။ ၂၀၁၁ ခုနှစ် နှစ်စပိုင်းမှာ လက်မောင်းနဲ့ ပခုံး နာကျင် တာကြောင့် ကာယ ကုထုံး ကျွမ်းကျင် သူထံကို လွှဲပြောင်း ပေးခဲ့ပါ တယ်။ ဇွန်လ ပိုင်းမှ စပြီး သူမဟာ ခေါင်းတစ်ခြမ်း ကိုက်ကာ မျက်စိ အမြင်ဝေ၀ါး ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ မှာ သူမကို စိတ်ကျ ရောဂါ ဆေးဝါး တွေနဲ့ ကုသ ခဲ့တာကြောင့် အလုပ်မှ ခွင့်ယူ ခဲ့ရပါတယ်။ သူမ အနေနဲ့ တဖြည်းဖြည်း ကိုယ်အလေးချိန် ကျဆင်း လာတာကြောင့် ဆရာဝန် သုံးယောက်နဲ့ ပြောင်းပြ ပေမယ့် ဆရာဝန် တွေက စိတ်ကျ ဝေဒနာလို့သာ သတ်မှတ်ပေး ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ရင်ကျပ် ပန်းနာ ပျောက်ဆေးတွေ သောက်ပေမယ့် ချောင်းဆိုးတာ မသက်သာတဲ့ အတွက်ကြောင့် ရင်ဘတ်ကို ဓာတ်မှန် ရိုက်ကြည့်ရာ သူမမှာ အဆုတ် ကင်ဆာ ရှိနေပြီး ရောဂါဟာ တခြား နေရာသို့ပင် ပျံ့နှံ့ နေပြီဖြစ်ကြောင်း သိရပါတယ်။ သူမရဲ့ ဦးနှောက်၊ နှလုံးနဲ့ အသည်းကို ရောဂါပျံ့နှံ့နေတဲ့ အတွက်ကြောင့် ရောဂါကို ကုသလို့ မရတော့ဘဲ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
သူမဟာ မသေဆုံးခင် အထိ ဂုဏ်ထူး ဆောင်ကထိက အဖြစ် Sussex တက္ကသိုလ်မှာ တာဝန်ယူ ခဲ့ပါတယ်။ သူမဟာ ဥာဏ်ပညာ ထက်မြက် သူဖြစ်ပြီး စာအသင်အပြ ကောင်းသူ ဖြစ်တယ်လို့လည်း နာမည်ကျော်ကြား ခဲ့ပါတယ်။ သူ့ကို ရောဂါ မှားပြီး သတ်မှတ ခံရတာဟာ လူလတ် ပိုင်းအရွယ် အမျိုးသမီး ဖြစ် တာကြောင့် အဆုတ် ကင်ဆာလို့ မထင်မှတ်ဘဲ စိတ်ပိုင်း ဆိုင်ရာပြဿနာလို့ ထင်မှတ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map