<div style='background-color: none transparent;'></div>

Home » » အသက် ၁၀၆ နှစ်ရောက်မှ အထက်တန်းကျောင်းအောင်လက်မှတ်ရသည့် အဘိုး

အသက် ၁၀၆ နှစ်ရောက်မှ အထက်တန်းကျောင်းအောင်လက်မှတ်ရသည့် အဘိုး

 အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်မှ အသက် ၁၀၆ နှစ်အရွယ် အဘိုးတစ်ဦးသည် ၈ တန်းအဆင့်တွင် ကျောင်းထွက်ခဲ့ရပြီး မိသားစု လုပ်ကိုင်ကျွေးမွေးခဲ့ရသာဖြစ်သည်။ သူသည် ယခု အသက် ၁၀၆ နှစ်ရောက်မှ သူကျောင်းထွက်ခဲ့ရသော ကျောင်းက အထက်တန်းကျောင်းအောင်လက်မှတ်ကို ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။
ဖရက် ဘတ္တလာအမည်ရှိ အဘိုးသည် ဘီဗာလီ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော အထူး အခန်းအနားသို့ မိသားစုများနှင့်အတူ တက်ရောက်ပြီး၊ မိမိမြစ်အရွက် ကလေးများနှင့်အတူ ၂၀၁၃ ခုနှစ်တွင် ချီးမြှင့်သည့် အထက်တန်းကျောင်းပြီးဆုံးကြောင်း အောင်လက်မှတ်ကို ရယူခဲ့သည်။
ဘတ္တလာသို့ ပေးအပ်ချီးမြှင့်သည့် အောင်လက်မှတ်မှာ ဂုဏ်ထူးဆောင် အောင်လက်မှတ်ဖြစ်သည်။
ဘတ္တလာက “ကျွန်တော့်ကို ဒီလိုအောင်လက်မှတ် ချီးမြှင့်ခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့် ဘဝမှာ အလိုချင်ဆုံး လက်မှတ်ဖြစ်ပြီး၊ ဘယ်တော့မှလည်း ရမယ်မထင်ခဲ့ပါဘူး။ အရမ်းဝမ်းမြောက်မိပါတယ်” ဟုပြောကြားခဲ့သည်။
မိသားစုများကလည်း အဘိုးဘတ္တလာသည် ၈ တန်းအဆင့်တွင် ကျောင်းထွက်ခဲ့ရပြီး မိခင်နှင့် ညီအစ်ကို မောင်နှစ်မ ၅ ဦးကို လုပ်ကိုင်ရှာဖွေကျွေးမွေးခဲ့ရကြောင်း၊ ကျောင်းထွက်ခဲ့ရသည့်အတွက် အမြဲစိတ်မကောင်း ဖြစ်ကာ၊ ကျောင်းပြန်တက်ချင်သည်ဟု အမြဲပြောလေ့ရှိကြောင်း၊ သူကိုယ်တိုင် ကျောင်းမနေခဲ့ရသဖြင့်လည်း မိသားစုများကို ကျောင်းကောင်းကောင်းတွင် နေနိုင်အောင် အားပေးထောက်ပံ့ခဲ့ကြောင်း ပြောကြားခဲ့သည်။
 myanmardailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map