<div style='background-color: none transparent;'></div>

Home » » ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား/သူများ၏ ရင်ဖွင့်သံ

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား/သူများ၏ ရင်ဖွင့်သံ

 ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ကျောင်းသူ/ကျောင်း သားများ၏ စုပေါင်း၍ ယခုလ (၃၁)ရက်တွင် ရန်ကုန်အနောက် ပိုင်းတက္ကသိုလ် အနောက်ဘက် မုဒ်ဦးရှိ Friend Canteen ၌ ၎င်း တို့ ကြုံတွေ့နေရသော အခက် အခဲများ၊ ခံစားချက်များကို မီဒီ ယာများသို့ စုပေါင်းရင်ဖွင့် ပြော ကြားခဲ့ကြသည်။
ကျောင်းသား/သူများမှ ၎င်းတို့ကြုံတွေ့နေရသော ဘတ်စ် ကားရှားပါးမှု၊ ကားလမ်းများ ပျက်စီးနေမှု၊ ကျောင်းအနောက် အပေါက်တံခါးပိတ်ထားခြင်းအား ပြန်ဖွင့်ပေးရန်နှင့် ဆံပင်ဆေးဆိုး ၍ ကျောင်းသားကဒ်သိမ်းခြင်း၊ ကျောင်းထဲသို့ ပေးမ၀င်ခြင်း၊ နိုင်ငံတကာကျောင်းသားများ နည်းတူ သရုပ်ပျက်အ၀တ်အစား မှလွဲ၍ ကြိုက်နှစ်သက်ရာ အ၀တ် အစားများ ၀တ်ခွင့်ရရေးတို့အား ပြောကြားခဲ့ကြသည်။ ဒဿနိက ဗေဒ ကျောင်းသားတစ်ဦးဖြစ်သူ ကိုထူးအောင်မြတ်မှ ““ကျွန်တော် တို့ ဒီပွဲကိုလုပ်တာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ပါမောက္ခကြီး တွေကို စော်ကားဖို့၊ သူတို့ကို ဖြုတ်ချဖို့အတွက်လုပ်တာမဟုတ် ဘူး၊ ကျွန်တော်တို့ ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေ၊ အခက်အခဲ တွေကို ကျောင်းအာဏာပိုင်တွေ သိစေ၊ ကြားစေဆိုပြီး ကျွန်တော် တို့ လိုချင်တာကို ချပြရင်ဖွင့်တာ ပါ။ အခု ကျွန်တော်တို့ကျောင်း မှာ ဘာတွေ
ကြုံတွေ့နေရလဲဆို တော့ ကျောင်းသားအတော်များ များက ဆံပင်ဆေးဆိုးလို့ ကျောင်း  သားကတ်သိမ်းတာတွေ၊ ခံဝန် လက်မှတ် ထိုးခိုင်းတဲ့ကိစ္စကို မကျေနပ်ကြဘူး။ ဒါဟာလည်း မဖြစ်သင့်ပါဘူး။ ဆံပင်ဆေးမဆိုး မှ စာလိုက်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျောင်းထဲမှာ ကျောင်း သားကတ်ဆွဲခိုင်းတဲ့ကိစ္စ ကျောင်း သားကတ်ကို ကျောင်းအ၀င်ပဲ ဆွဲခိုင်းစေချင်တယ်။ ကျောင်း သားကတ်ဆွဲမှ ကျောင်းသားဆို တဲ့ကိစ္စကို လက်မခံဘူး၊ နိုင်ငံသား စိစစ်ရေးကတ်တောင်ထုတ်ပြီး ဆွဲ မထားရဘူး။ အရေးအကြောင်း ဆိုမှ ထုတ်ပြရတာ၊ အဲဒီလိုပဲ ဖြစ် စေချင်တယ်။ အခုတော့ ဆရာ ဆရာမတွေက ကျောင်းသားတွေ အပေါ် အုပ်ချုပ်မှုတွေ အရမ်း တင်းကျပ်နေတယ်။ သူတို့လိုချင် တာ ကျောင်းသားတွေ ပညာရေး တိုးတက်ဖို့ပဲ မဟုတ်လား၊ အခု တော့ ရုပ်ပိုင်းဆိုင်ရာတွေကို လိုက်ကြည့်နေတယ်။ ပြီးတော့ အနောက်ပေါက် တံခါးပြန်ဖွင့် ပေးဖို့  တောင်းဆိုချင်တယ်။ အနောက်ပေါက်ပိတ်ထားတဲ့ အတွက် ကျောင်းသားတွေ သွား ရေးလာရေး အဆင်မပြေဘူး၊ ဘာလို့ဆိုတော့ (၂၁၁)ကားဂိတ် က အဲမှာရှိတာ””ဟု သူ၏ ခံစား ချက်အား ပြောကြားသည်။
ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းမောင်မှလည်း ““ကျွန်တော့် အနေနဲ့ တက္ကသိုလ်ဘာသာရပ် တွေနဲ့ ကျောင်းရဲ့ အုပ်ချုပ်မှုပိုင်း တွေကို မြင်စေချင်တယ်။ မြင်တဲ့ အခါမှာလည်း ကျောင်းသားတွေ ရဲ့အသံကို နားထောင်စေချင် တယ်။ ကျောင်းဆေးပြန်သုတ် တာတွေဟာ ကျွန်တော်တို့အတွက် မလိုအပ်ဘူး၊ ကျွန်တော်တို့လိုတာ လက်တွေ့ပစ္စည်း အပြည့်အစုံ ရယ်၊ လိုင်းကား ရှားပါးမှုတွေ ကြောင့် ယာဉ်လိုင်းတွေ တိုးချဲ့ စေချင်တယ်။ အခု ဒီမှာက ယာဉ် လိုင်း(၃)လိုင်းပဲရှိတယ်။ ကျွန်တော် တို့ ဒီအခက်အခဲတွေကို ရန်ကုန် တိုင်းဒေသကြီး ပညာရေးဝန်ကြီး နဲ့ မထသကို တင်ပြထားတယ်။  ဒါပေမဲ့ ဘာမှ မထူးခြားသေးဘူး။ ပြီးတော့ ကျောင်းသားတွေကိုယ် တိုင်ဖွဲ့တဲ့ အသင်းအဖွဲ့တွေရှိစေ ချင်တယ်။ ဒီလိုတွေရှိမှလည်း ကျောင်းသားအချင်းချင်း စည်းလုံး  ညီညွတ်မှာပါ။ အခုဟာက ဘာ အသင်းအဖွဲ့မှ လုပ်ခွင့်မပေးဘဲ စည်းကမ်းတွေ တင်းကျပ်လွန်း တော့ ကျောင်းသားတွေက အချစ် တွေ၊ အမုန်းတွေပဲ ရနေတယ်။ ဒီဒုက္ခတွေကို တတ်သိနားလည် တဲ့ပုဂ်္ဂိုလ်တွေနဲ့ တိုင်ပင်ပြီး လွှတ် တော်အထိ စာပို့ပြီး တောင်းဆိုဖို့ အစီအစဉ်ရှိပါတယ်””ဟု ၎င်းမှ ပြောကြားသည်။
အဆိုပါကျောင်းသားများ၏ ခံစားချက်အကြောင်းအရာကိစ္စ များနှင့်ပတ်သက်၍ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်အား သွားရောက် မေးမြန်းရာ အစည်းအဝေးကျင်းပ နေသောကြောင့် တွေ့ဆုံဖြေ ကြားနိုင်ခြင်း မရှိပေ။

HOT NEW
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map