နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ရန် အတွက် အပစ်အခတ် ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်ရေးထိုးရ ခြင်း မရှိသေးသော တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များကို တရားဝင်စာပို့၍ ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းဖိတ်ကြားစာကို လက်ခံရရှိခဲ့သော ပလောင်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ မှန်ပါတယ်။ နိုင်ငံတော် သမ္မတ ရုံး ကနေ အီးမေးလ်နဲ့လည်း တရားဝင်ဖိတ်ကြားထားပါတယ်။
“ (၅) ရက်နေ့ညက ကျွန်တော့် အီးမေးလ်လိပ်စာနဲ့ ဖိတ်စာ ကို ပေးပို့လာတာဖြစ်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီညစာစားပွဲကို တက်ရောက်ဖို့ အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရှိနေတဲ့ နယ်မြေထဲမှာ အစိုးရတပ်ဖွဲ့တွေက အကြောင်း အမျိုးမျိုးပြပြီး အင်အားတွေတိုးချဲ့ချထားနေလို့ဖြစ်ပါတယ်။ ပြီးတော့ စစ်ကြောင်းတွေနဲ့လည်း ကျွန်တော်တို့ရှိတဲ့ နေရာတွေကို စစ်ဆင်နေတယ်။ တဖက်က မီး၊ တဖက်က ရေပေါ့ဗျာ ခြောက်တခါ ချော့ တလှည့်နည်းနဲ့လုပ်နေတယ်လို့ဘဲမြင်ပါတယ် ” ဟုပြောကြားသွားသည်။
ဖေဖော်ဝါရီ ( ၄ ) ရက်နေ့တွင် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော အစိုးရနှင့် KIA တို့ဆွေးနွေးပွဲတွင်လဲ ဦးအောင်မင်းမှ KIO အဖွဲ့ခေါင်းဆောင်များအား နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုနေ့ အခမ်းအနားတက် ရောက်ရန် အတွက် တရားဝင်ဖိတ်ကြားမည့် အကြောင်းကို KIO အဖွဲ့ ကိုယ်စားလှယ်များ က ပြောကြား ခဲ့ ကြောင်း ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သော KIO ခေါင်းဆောင်တစ်ဦးမှ ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ပြည်ထောင်စုနေ့အခမ်းအနား နှင့်ညစာစားပွဲသို့ တက်ရောက်ရန် တရားဝင်ဖိတ်ကြားထားသော်လဲ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မ ရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အား လက်ခံရန် အကြောင်း မပြန်နိုင်သေးကြောင်း သိရှိရသည်။
အမေ့အိမ်


0 comments:
Post a Comment