<div style='background-color: none transparent;'></div>

Home » » မိန်းမနှင့်ပတ်သတ်သော ဒသနများ

မိန်းမနှင့်ပတ်သတ်သော ဒသနများ



လင်းလွန်းဝေ

၁)

တချို့သောသူများသည် မိန်းမများအား မလိုမုန်းထားပြီး လျှာနှစ်ခွနှင့် မြွေဟောက်မများဟု ခေါ်၏။

ထိုသူများသည် တစ်ဖတ်သတ် အမြင်ရှိသူများသာ ဖြစ်၏။ မိန်းမများ သည် လျှာနှစ်ခွမပါချေ။

သို့သော် လျှာနှစ်ခွပါသော မြွေဟောက်ထက်ပင် အဆိပ်ပြင်း၏။ သင်မယုံလျှင် တရုတ်နိုင်ငံမှ ဆီလီကွန်ကို ရင်သားတွင် ထည့်ထားသော မော်ဒယ်တစ်ဦး၏အဖြစ်ကို ကြည့်ပါ။

ထိုမော်ဒယ်သည် ရင်သားတွင် ဆီလီကွန်ထည့်ထား၏။ သူမ ၏ ရင်ဘတ်ကို မြွေဟောက်တစ်ကောင် ကိုက်မိရာ ထိုမြွေဟောက်သည် ဆီလီကွန် အဆိပ်မိပြီ။ သေဆုံးသွားသည်။
မော်ဒယ်လေးမှာတော့ ဘာမှ မဖြစ်ရှာချေ။
ထို့ကြောင့် မိန်းကလေးများသည် မြွေဟောက်ထက်ပင် အဆိပ်ပြင်း၏။



၂)

တချို့သောသူများသည် မိန်းမများအား မလိုမုန်းထားပြီး မာယာ များသည်ဟု မလိုတမာ ပြောကြသည်။

ထိုလူများသည် တစ်ဖတ်သတ် အမြင်ရှိသူများသာဖြစ်သည်။ မာယာများသည်ဆိုသည်မှာ မှန်ပါသည်။

သို့သော် သူတို့တွင်ရှိသော မာယာများမှာ ယောက်င်္ကျားလေးများအတွတ် ထားရခြင်းဖြစ်သည်။ ယောက်ကျားလေးများမှာ မာယာရှိသော မိန်းမများကိုသာ ချစ်ကြ၏။

သင် မယုံလျှင် သင့်ချစ်သူကို ပြန်ဆန်းစစ်ကြည့်ပါ။

ထို့ကြောင့် မိန်းကလေးများမှာ မာယာမထားချင်သော်လည်း ကိုယ့်ချစ်သူက မချစ်မနှစ်သတ်မည်ကို ဆိုးသောကြောင့် ထားရခြင်းဖြစ်သည်။

မာယာထားခြင်းသည် ကိုယ့်ချစ်သူအတွက်ဖြစ်သော်လည်း မာယာများခြင်းမှာတော့ မကောင်းပါ . .
 Myawady News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map