<div style='background-color: none transparent;'></div>

Home » » ချဲလ်ဆီးလေ့ကျင့်ရေးကွင်းကို ဘက်ခမ်း ရောက်လာတဲ့အကြောင်းရင်း

ချဲလ်ဆီးလေ့ကျင့်ရေးကွင်းကို ဘက်ခမ်း ရောက်လာတဲ့အကြောင်းရင်း

ပြီးခဲ့တဲ့ အင်္ဂါနေ့က ချဲလ်ဆီးရဲ့ကော့ဟမ်း
လေ့ကျင့်ရေးကွင်းကို ဘက်ခမ်းရောက်လာလို့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေ လှုပ်ခတ်လာ
ခဲ့ပေမယ့် ဘက်ခမ်း ရောက်လာခဲ့တာကတော့ သားအကြီးဆုံး ဘရွတ်ကလင်းရဲ့လူငယ်ပွဲစဉ်ကို လာရောက်အားပေးတာပဲဖြစ်ပါ
တယ်။ ဘရွတ်ကလင်းဟာ ဂလက်ဇီလူငယ်အသင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး အခုအခါမှာ အင်္ဂလန်ဘောလုံးလောက အတွေ့အကြုံရဖို့ ချဲလ်ဆီးလူငယ်အသင်းထံ ပြောင်းရွှေ့ကစားခဲ့တာပါ။

အရင်တုန်းက ဘက်ခမ်းဟာ သူ့သားတွေ ကြုံရနိုင်တဲ့ ဘောလုံးလောက အခက်အခဲတွေ အကြောင်းပြောခဲ့ဖူးပေမယ့် ဘရွတ်ကလင်း ကစားတဲ့ပွဲစဉ်မှာတော့ ကွင်းဘေးစည်းကနေ အချိန်ပြည့်အားပေးသွားခဲ့ပါတယ်။ အခုချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဘက်ခမ်းဟာ မိသားစုအရေး ကို အချိန်ပြည့်ပေးနေပြီး ဇနီးသည် ဗစ်တိုးရီးယားရဲ့ ဖက်ရှင်လုပ်ငန်းကြောင့် လန်ဒန်မှာ နေထိုင်နေပါတယ်။
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map