<div style='background-color: none transparent;'></div>

Home » » ဒေါ်အောင်ဆန်းစုကြည် ၏ နှစ်သက်ရာ တေးများ BBC လွှင့်မည်

ဒေါ်အောင်ဆန်းစုကြည် ၏ နှစ်သက်ရာ တေးများ BBC လွှင့်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ရာ တေးသီချင်းများကို BBC ရေဒီယို ၏ လာမည့် တနင်္ဂနွေနေ့“Desert Island Discs” အစီအစဉ်၌ ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်အတွက် နေပြည်တော်အထိ သွားရောက် အသံဖမ်းယူခဲ့သည်ဟု
ဆိုသည်။ နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည့် BBC ၏ ယင်းအစီအစဉ်သည် တခြားနိုင်ငံများက ထင်ပေါ်ကျော်ကြားသော ၀န်ကြီးချုပ်များ၊ နိုင်ငံရေးသမားများ၊ ဘာသာရေး ခေါင်းဆောင်များ၊ မင်းဆွေမင်းဆက်များ၊ ရုပ်ရှင်နှင့် တေးဂီတ သရုပ်ဆောင် အဆိုတော်များ၊ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ ရှိသူများနှင့် တွေ့ဆုံပြီး ထုတ်လွှင့်သည့် အစီအစဉ် ဖြစ်သည်ဟု AFP သတင်းက ဆိုသည်။
 http://burma.irrawaddy.org/archives/32128
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map