<div style='background-color: none transparent;'></div>

Home » » ဆက်သွယ်ရေးဝန်ကြီးဌာနအမှု ကမ္ဘာကျော်ပြီ

ဆက်သွယ်ရေးဝန်ကြီးဌာနအမှု ကမ္ဘာကျော်ပြီ



ယခင်ရက်ပိုင်းအတွင်း စတင်စစ်ဆေးခဲ့သော မြန်မာ့ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနအမှုအား ကမ္ဘာကျော် သတင်းဌာန တစ်ခုဖြစ်သည့် စင်ကာပူအခြေစိုက် Channel News Asia တွင် ထည့်သွင်းဖော်ပြထားကြောင်းသိရှိရသည်။ ယခုလက်ရှိ အစိုးရလက်ထက်တွင် အပြောင်းလဲများစွာကို နိုင်ငံတကာမှ စောင့်ကြည့်လျက်ရှိပြီး တိုင်းပြည်၏ အဓိကယိုယွင်းမှုတစ်ခုဖြစ်သည့် လာဘ်ပေးလာဘ်ယူ ချစားမှုတိုက်ဖျက်ရန် အစိုးရဘက်မှ ထိပ်ပိုင်းဆိုင်ရာဝန်ကြီးတစ်ဦးကို အရေးယူမှုမှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။ Channel News Asia တွင် ဖော်ပြထားသည့် သတင်းမှာ AFP သတင်းကို

ကိုးကားရည်ညွှန်းထားခြင်းဖြစ်ပြီး သတင်းတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ကြီးတစ်ဦးအပါအ၀င် အဆင့်မြင့်အရာရှိပိုင်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန Bureau of Special Investigation(BSI) မှ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊အဆိုပါကိစ္စကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းအတည်ပြုထားကြောင်း ရေးသားဖော်ပြထားသည်။ နိုင်ငံတကာ သတင်းစာမျက်နှာတွင် ပါဝင်ခဲ့ရသည်အထိ ဆက်သွယ်ရေးဝန်ကြီးအမှုမှာ နာမည်ကျော်အမဲစက်တစ်ခု ဖြစ်ခဲ့ရပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
Ref: Channel News Asia
http://www.channelnewsasia.com/stories/afp_asiapacific/view/1249939/1/.html
  People Development for Knowledge
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map