အပြောအဆို မတတ်သည့် ဟိုတယ်ဝန်ထမ်း တစ်ဦးကြောင့် ကေတီပရိုက်စ်၏ မင်္ဂလာဆောင်
ကိစ္စမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ကြုံခဲ့ရကြောင်း သိရှိရသည်။ အသက် (၃၄)
နှစ်ရှိ ဗြိတိသျှ မော်ဒယ်လ် ကေတီသည် တတိယမြောက် ခင်ပွန်းသည်ဖြစ်သည့်
ကိုင်ရန်ဟောလာနှင့် လက်ထပ်ခဲ့ပြီးနောက် ဟိုတယ်မှ စိတ်မကြည်မသာနှင့်
ပြန်လာခဲ့ရကြောင်း သိရှိရသည်။
အသက် (၂၅) နှစ်ရှိ ကာယ ကြံ့ခိုင်မှု ကိုယ်ဟန်ပြမောင်နှင့် လက်ထပ်ခဲ့သည့် ကေတီသည် Sandals Royal Bahamian Resort ဟိုတယ်တွင် တောက်လျှောက် စိတ်အနှောင့်အယှက် ဖြစ်စရာများ ကြုံခဲ့ပြီး အဆိုးဆုံးမှာ ဝန်ထမ်းတစ်ဦးက ကေတီအား "ခင်ဗျားက အပြာရုပ်ရှင် မင်းသမီးလား"
ဟု မေးခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကေတီသည် "Sandals ဟိုတယ်က အနံ့အသက် မကောင်းတဲ့ အစုတ်ပလုတ် တစ်ခုလိုပဲ" ဟူ၍ပင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ Sandals ဘက်ကလည်း ကေတီသည် ဟိုတယ်တွင် ရှိနေစဉ် စိတ်ပျက်စရာများ ကြုံခဲ့ကြောင်း ဝန်ခံခဲ့သည်။
"တကယ်လို့ ကေတီဘက်က ကျွန်တော်တို့ရဲ့ ဟိုတယ်အပေါ် သဘောမကျဘူးဆိုရင်၊ ဒါမှမဟုတ် တခြားတစ်ခုခုကို ရွေးချင်တယ်ဆိုရင် ငွေပြန်အမ်းဖို့တောင် ကျွန်တော်တို့ ရည်ရွယ်ခဲ့ပါတယ်" ဟု ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ နောက်ပိုင်းတွင် ကေတီသည် ယင်းဟိုတယ်၌ပင် လက်ထပ်ပွဲ ဆင်နွှဲဖြစ်ခဲ့သည်။ ဘဟားမားစ်ရှိ အဆိုပါ ဟိုတယ်တွင် ကေတီသည် ဇန်နဝါရီလ (၁၆) ရက်နေ့က မင်္ဂလာပွဲ ဆင်နွှဲခဲ့ခြင်းလည်း ဖြစ်သည်။
news.yatanarpon

0 comments:
Post a Comment