<div style='background-color: none transparent;'></div>

Home » » ပူပူနွေးနွေး အကယ်ဒမီဆုရှင် နောင်နောင်ရဲ့ မင်္ဂလာသတင်း

ပူပူနွေးနွေး အကယ်ဒမီဆုရှင် နောင်နောင်ရဲ့ မင်္ဂလာသတင်း

“ထာဝရအလင်းတန်းများ”ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည့် သရုပ်ဆောင်နောင်နောင်သည် ဖေဖော်ဝါရီလတွင် ချစ်သူနှင့် လက်ထပ်တော့မည်ဖြစ်သည်။

“မင်္ဂလာပွဲကို မန္တလေးက အိုရီယန်တယ်ဟောက်စ်မှာ လုပ်မှာပါ။ ဖေဖော်ဝါရီ ၁၄ နဲ့ ၁၈ ရက် နှစ်ရက်ထဲက တစ်ရက်ကို ရွေးဖြစ်မှာပါ”ဟု နောင်နောင်ကပြောသည်။ နောင်နောင်၏ချစ်သူမှာ မန္တလေးမှ သာမန်အရပ်သူတစ်ဦးဖြစ်ပြီး နောင်နောင် မင်းသားမလုပ်ခင် ၂၀၀၄ ခုနှစ် ၀န်းကျင်ကတည်းက ချစ်သူများဖြစ်ခဲ့ကြကြောင်း သိရသည်။

နောင်နောင်သည် မန္တလေးအခြေစိုက် ရီမြင့်ရုပ်ရှင်ထုတ်လုပ်သူ၏ တစ်ဦးတည်းသောသားဖြစ်ပြီး ပထမဆုံး ပါဝင်သရုပ်ဆောင်သော ရုပ်ရှင်ဇာတ်ကားနှင့် အကယ်ဒမီဆုကို ရရှိခဲ့သူလည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် ဒါရိုက်တာမောင်တင်ဦး၊ ဒါရိုက်တာစင်ရော်မောင်မောင်တို့နှင့် ဗီဒီယိုဇာတ်ကားသုံးကား ရိုက်ကူးထားပြီးနောက် ယင်းဇာတ်ကားများမှာ ထွက်ရှိမလာသေးပေ။ အကယ်ဒမီရရှိခဲ့သည့် “ထာဝရအလင်းတန်းများ” ရုပ်ရှင်ဇာတ်ကားမှာလည်း ၂၀၁၂ နှစ်ကုန်ပိုင်းကျမှသာ ရုံတင်နိုင်ခဲ့ရာ အကယ်ဒမီဆုရှင်နောင်နောင်နှင့် ပရိသတ်များ ရင်းနှီးထိတွေ့မှု နည်းပါးသောကြောင့် အကယ်ဒမီရရှိခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

“ကျွန်တော့်ကို ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော် ဘာမှပြန်လည်းမတုံ့ ပြန်ဘူး။ ဒေါသလည်းမထွက်ဘူး။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဖြစ်တော့မှာပါ။ ရုပ်ရှင်နဲ့ဗီဒီယိုတွေလည်း ဆက်တိုက်ရိုက်ပါမယ်”ဟု နောင်နောင်ကပြောသည်။ “ထာဝရအလင်းတန်းများ” ရုပ်ရှင်ဇာတ်ကားသည် ထူးချွန်ဆုရှစ်ဆုဖြင့် ရုပ်ရှင်သမိုင်းတွင် စံချိန်သစ်တင်နိုင်ခဲ့သည်။ အကယ်ဒမီဧည့်ခံပွဲအား “ထာဝရအလင်းတန်းများ” အဖွဲ့သားများ စုပေါင်းပြုလုပ်ရန်စီစဉ်နေပြီး အသေးစိတ်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း နောင်နောင်ကပြောသည်။
teashop talk
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map