<div style='background-color: none transparent;'></div>

Home » » ရန်ကုန်မြို့ မြို့နယ် ၄ မြို့နယ်မှာ စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ဒီကနေ့ စတင်ပြုလုပ်ပြီ

ရန်ကုန်မြို့ မြို့နယ် ၄ မြို့နယ်မှာ စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ဒီကနေ့ စတင်ပြုလုပ်ပြီ

ယာဉ်စည်းကမ်း လိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူရန် မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ၇ ခုတွင်  ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေးက ပြောသည်။ မရမ်းကုန်းမြို့နယ် အတွင်းရှိ ဘုရင့်နောင်နှင့် ချော်တွင်းကုန်း လမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်း၊ ဟံသာဝတီအ၀ိုင်းနှင့် စမ်းချောင်းမြို့နယ် မြေနီကုန်းတို့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စစ်ဆေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဦးသာဌေးက ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှု ကာကွယ်ရန်အတွက် ထိုကဲ့သို့ စစ်ဆေး ဆောင်ရွက်ခြင်းကို ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ပညာပေးကာလ ပြီးပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်ရပ်နားရန် နေရာများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ရန်ကုန်မြို့အတွင်း အများပြည်သူ သယ်ယူပို့ဆောင် ပေးနေသော လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဇန်န၀ါရီ ၇ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပြီး ယခုလုပ်ဆောင်ချက်မှာ ထိုအဖွဲ့၏ ပထမဆုံး လုပ်ဆောင်ချက် ဖြစ်သည်။
 news.yatanarpon
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map