<div style='background-color: none transparent;'></div>

Home » » နော်ဝေနိုင်ငံသားတစ်ဦး ငပလီတွင်ရေနစ်သေဆုံး…

နော်ဝေနိုင်ငံသားတစ်ဦး ငပလီတွင်ရေနစ်သေဆုံး…

နော်ဝေနိုင်ငံသား Mr .STA BURSVID AMEFINN ဆိုသူ မှာ ငပလီကမ်းခြေသို့ အပန်းဖြေ  ရန်လာရောက်စဉ် ဇန်န၀ါရီ ၂၃ ရက်နေ့လယ်(၁း၃၀)အချိန်တွင် ပင်လယ်ကမ်းခြေသို့ ရေဆင်းကူး ရာမှ ရေနစ်သေဆုံးခဲ့ကြောင်းသိရ သည်။အဆိုပါ နော်ဝေနိုင်ငံသား  Mr .STA BURSVID AMEFINN မှာငပလီကမ်းခြေ Amata ဟိုတယ် s19 အခန်း တွင် တည်းခိုသည်ဟု သိရပြီး ယင်းနိုင်ငံခြား သားမှာ ငပလီကမ်းခြေသို့ ရောက် ရောက် ခြင်းနေ့တွင်ပဲ ရေနစ်သေဆုံးခဲ့ ခြင်းဖြစ် သည် ဟု Amata ဟိုတယ် မှ တာဝန်ရှိ့သူတစ်ဦးက ဆိုသည်။
သေဆုံးသွားတဲ့နိုင်ငံခြား သားက ၂၃ ရက် နေ့ ၁၁း၁၅ ကကျွန်တော်တို့ ဟိုတယ် ကိုရောက်တယ်၊သူရောက်ရောက်ခြင်း
ပဲ ဟိုတယ်မှာ အထုပ် အပိုးတွေ ထားပြီးတော့ ပင်လယ်ကမ်းခြေ ကို ဆင်းသွာတာ၊နေလည် (၁း၃၀)လောက်မှာ ကမ်းခြေမှာ အလောင်းတစ် လောင်းတွေတယ်ဆို လို့ သွားကြည့်တော့ ကျွန်တော် တို့ ဟိုတယ်မှာတည်းတဲ့ နိုင်ငံခြားသား ဖြစ်နေတယ် ဆိုတာ ကို သိရတယ်  ဟု Amata ဟိုတယ် မှ ပြောရေး ဆိုခွင် ရှိ့ သူ
ငပလီကမ်းခြေ Amataဟိုတယ်မှ ကိုကျော်သူထွန်းကပြော ပြသည်။
အဆိုပါနော်ဝေနိုင်ငံသား မှာ အသက် ၇၉နှစ်အရွယ်ရှိပြီး   ၎င်းမှာ နှလုံးရောဂါအခံလည်းရှိ   ကြောင်း ၎င်း၏မိသားစုဝင်များ၏   ပြောပြချက်အရသိရကြောင်း ကိုကျော်သူထွန်းကထပ်မံပြောပြ သည်။ ယင်း ရေနစ်သေဆုံးသွား  သည့် နော်ဝေနိုင်ငံသား၏ရုပ်အ လောင်းအား သံတွဲမြို့နယ်ဆေးရုံ ကြီးရှိ ရေခဲတိုက်တွင် ရင်ခွဲစမ်းသပ်  ကြည့်ရာ ရိုးရိုးသာမန်ရေနစ်သေ ဆုံးခြင်းဖြစ်သည်ဟု သိရပြီး ၎င်း နိုင်ငံခြားသား၏ ရုပ်အလောင်း အား သံတွဲမြို့နာရေးကူညီမှုအသင်း မှ ရန်ကုန်မြို့သို့ မပို့ဆောင်ခင် အထိ ထိန်းသိမ်းစောင့်ရှောက်ထား  ပေးကြောင်းလည်းသိရသည်။
အဆိုပါနော်ဝေနိုင်ငံသား ရေနစ်သေဆုံးမှုနှင့်ပတ်သက်ပြီး သံတွဲမြို့နယ်ရဲစခန်းမှ ရဲ လုပ် ထုံးလုပ်နည်းအတိုင်းသေမှုသေခင်း    အဖြစ် အမှုဖွင့်ထားကြောင်းသိရ သည်။ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရှိ ငပလီကမ်းခြေသည် နိုင်ငံခြား သားအများအပြားလာရောက် အပန်းဖြေရာ နေရာဖြစ်ပြီး ယခု ရေနစ်သေဆုံးသည့်နော်ဝေနိုင်ငံ သားနှင့်ဆိုလျှင် ငပလီတွင်သေဆုံး   သူ နိုင်ငံခြားသားနှစ်ဦးရှိပြီဖြစ် ကြောင်း ငပလီသတင်းရပ်ကွက်မှ   သိရသည်။
hot news weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map