<div style='background-color: none transparent;'></div>

Home » » World AIDS Day မှာ ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့သူ ချစ်သုဝေ

World AIDS Day မှာ ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့သူ ချစ်သုဝေ


ချစ်သုဝေက အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ဒီဇင်ဘာ၁ရက်နေ့ မှာကျင်းပတဲ့ World AIDS Day နဲ့ NLD HIV/AIDS Section ၁ဝနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနား ကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင် တဲ့အတွက် ချစ်သုဝေ က ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပေး ခဲ့ပါတယ်။

"ဒီနေ့က HIV/AIDS အခမ်းအနား လေးပါ။ NLD ရုံးချုပ်ကို ထရီဇာ မနှစ် ကလည်း လာတယ်။ ဒီနေ့မှာ အမေစုရဲ့ သဝဏ်လွှာလေးကို ထရီဇာ ဖတ်ပေးရမယ်။ အမေစုက ဒီပွဲကို မလာနိုင်ဘူး။ သဝဏ်လွှာ လေးပို့ပေးတော့ မဖြူဖြူသင်းက ထရီဇာကို ဖတ်ပေးပါဆိုလို့ ဖတ်ပေးရမှာပါ။ ဒီကနေ့က တော့ အမေပြောတဲ့ စကားကို ဖတ်ပြရမှာဆို တော့ ထရီဇာ တအားပျော်တဲ့နေ့ပါပဲ။ အမေ့ စကားတွေက တစ်လုံးစီ တအားလေးနက် တော့ ကိုယ့်ကြောင့် တစ်ခုခု ချွတ်ချော်သွားမှာ၊ နားထဲမဝင်မှာကို သိပ်စိုးရိမ်တာပဲ။ အမေ စကားပြောရင် လူတွေက အမေ့ကို ချစ်တဲ့ စိတ်ရော၊ လေးစားတဲ့ စိတ်ရောနဲ့နားထဲကို တအား ဝင်ကြတယ်။ ထရီဇာက တစ်ဆင့်ခံကြီး ဖတ်ပြ ရတာ ဆိုတော့ ထရီဇာ ပြောလိုက်လို့ နားထဲ မဝင်မှာကို စိုးရိမ်တယ်။ ညက မဖြူဖြူသင်း ဆီ ကကြိုတောင်းပြီး ဖတ်ကြည်တော့ အမေ့ စကားက တအားကို အနှစ်သာ ရရှိပြီး အဓိပ္ပာယ်ရှိတယ်။ အားလုံး သိအောင် ဝေမျှ ပေးရမှာပေါ့" လို့ချစ်သုဝေကပြောပါတယ်။ ဒီနေ့အခမ်းအနားမှာ ချစ်သုဝေက HIV/AIDS ရာဂါသည်များ၊ NLD အဖွဲ့သားများနဲ့တွေ့ ဆုံခဲ့ပြီး အဖြူရောင်လေး သီချင်းကို ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။ ချစ်သုဝေက ဒီဇင်ဘာ ၁ ရက် နေ့မှာပဲ ဘန်ကောက်နဲ့ စင်ကာပူကို ဖျော်ဖြေရေး သွား ရောက်ခဲ့ပြီး ဒီဇင်ဘာ ၁ဝရက်နေ့မှ ပြန် လည်ရောက် ရှိမှာဖြစ်ကြောင်း သိရပါတယ်။

သတင်း၊ဓာတ်ပုံ-ခိုင်ဝေလွင်
popular journal
Share this article :

1 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map