အခုနှစ်ထဲမှာ တစ်ရှိန်ထိုးပေါက် ချက်ပြင်း လာတဲ့ အလန်း ဇယား ချာတိတ် မလေးတွေ
စာရင်းကို ပြုစုမယ်ဆိုရင် ဆိုးလ် ချာ တိတ်တွေ အသည်းစွဲ IU ကိုတော့
ထိပ်ပိုင်းကနေရာ တစ်နေရာ ပေးရမှာ အသေအချာပါလို့ စတားက ဖွလာတာ အကြောင်းမဲ့
တော့ မဟုတ်ပါဘူး။
ကိုရီးယား နတ်မိမယ်လေး IU ရဲ့ အလန်း စတိုင်ပုံနဲ့ ၂၀၁၃
ဂျပန်ပြက္ခဒိန်သစ်ထွက်ရှိလာတော့ မယ်ဆို တာကို သတင်းဦးပေးလာခြင်းဖြစ်သလို
ဖူဂျီရုပ်သံလိုင်းက IU ရဲ့ အနုပညာဒိုင်ယာရီကို အပိုင်း ၁၀ ပိုင်းနဲ့
တင်ဆက်တော့ မယ်ဆိုတာကိုပါ ကြိုတင်သတင်းဦးပေး လက်တို့လာခြင်းပဲဖြစ်ပါတယ်။
Sexy ဆန်ဆန် နှုတ်ခမ်းနီရဲရဲတောက် တောက်ဆိုးထားသလို ပခုံးအထက် ပိုင်း
ဗလာကျင်းထားတဲ့ IU ရဲ့ ညှို့စတိုင်က ဆယ်ကျော်သက် တွေကိုရင်ခုန်သံ မြန်စေဦးမှာပါလို့ စတားက ဆက်ဖွလာပါတယ်။
ဘတ်စကက်ဘော ကစားရ တာကို ခုံမင်သူနတ်မိမယ် လေး IU ဟာ တိုကျိုပရိ
သတ်တွေနဲ့တွေ့ဆုံပွဲ ဒီဇင်ဘာလဆန်းပိုင်း မှာ Tokyo Dou မှာ ကျင်းပဦးမှာ
ဖြစ်တာ ကိုလည်း စတားက သတင်းဦးပေးလာပါ တယ်။IU ဆိုတာက အလန်းဆုံးနှင်း
ဆီတစ်ပွင့် ဖြစ် တယ်ဆိုတာ ကိုတော့အား လုံး လက်ခံကြရ မှာပဲပေါ့။
venus newsyoyarlay


0 comments:
Post a Comment