<div style='background-color: none transparent;'></div>

Home » » လမ်းလျှောက်ခါစကလေးငယ်နှင့်ဆရာနှစ်ယောက်အပါအ၀င်၆ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှု

လမ်းလျှောက်ခါစကလေးငယ်နှင့်ဆရာနှစ်ယောက်အပါအ၀င်၆ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှု

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူ ၆ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး၊
 ၅ ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပစ်သတ်

ခံရသည့် ၆ ဦးတွင် လမ်းလျှောက်ခါစ ကလေးတစ်ဦးနှင့် ကျောင်းဆရာနှစ်ဦး ပါဝင် ကြောင်းသတင်းရရှိသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ခင်းက ထိုင်းနိုင်ငံ နရာသီဝပ်ခရိုင် ရန်ဂေးတွင် AK-47 နှင့် M16 သေနတ်များ ကိုင်ဆောင်ထားသည့် သေနတ်သမားများသည် ထရပ်ကားတစ်စီးဖြင့်ရောက်လာကြပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်အတွင်း ၀င်ရောက်ပစ်ခတ်ကြရာ ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထိုအထဲတွင် ကလေးငယ်လည်း ပါဝင်ကြောင်း သိရသည်။


ထိုသေနတ်သမားများသည် ဒုတိယအကြိမ် တိုက်ခိုက်မှုအနေဖြင့် မာယိုနယ်သို့သွားကာ ကျောင်းအုပ်နှင့် ဆရာတစ်ဦးကိုပါ ပစ်သတ်ခဲ့သည်။ ရဲတို့၏ပြောကြားချက်အရ ရဲဝတ်စုံဝတ်ထားသည့် လူ ၅ ဦးခန့်သည် ဘန်ဘာငိုကျောင်းသို့ရောက်လာကြပြီး ကျောင်းအုပ် တီရာယက် ချွေကောင်းနှင့် ဆရာ ဆွမ်ဆက် ကွမ်မာတို့ကို ပစ်သတ်သွားခဲ့သည်ဟုဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၀၄ ခုနှစ် ဇန်န၀ါရီလကတည်းက ကျောင်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်း ခံခဲ့ရသည့်အတွက် ဆရာစုစုပေါင်း ၁၅၇ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 ပြီးခဲ့သည့်လအတွင်း အသက် ၃၂ နှစ်အရွယ်ရှိ ဘန်တာငိုကျောင်းမှ ဆရာမ ချူဆောင်ဆန်း ဆိုသူသည် မော်တော်ဆိုင်ကယ် နောက်မှ ထိုင်လာသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားသည့်အတွက် သေဆုံးခဲ့ရသည်။

မောက္ခ မဂ္ဂဇင်း
shwemyanmarmedia
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map