ကန် သမ္မတ အိုဘား မား ကို တင်းတင်း ကျပ် ကျပ် ပွေ့  ဖက် ထား သည့် ပုံ မှာ တွီတာ လူမှု ကွန်
ယက် တွင် အကြိမ် ၇ သိန်း နီး ပါး ပြန်လည် မျှ ဝေ ထား သည့် လူမှု ကွန် ယက် များ တွင် ဖြန့် ဝေ
မှု အများ ဆုံး ဓာတ် ပုံ ဖြစ်သည် ဟု CNN ရုပ် သံ တွင် ထုတ် လွှင့် သွား သည်။
မစ်ချယ်(လ) အိုဘားမား က ဓာတ်ပုံ ဆရာ ကို ကျော ခိုင်းထား ပြီး ၊ အိုဘားမား က ချစ် ဇနီး ကို
ဖက် ထား စဉ် မျက်လုံး မှိတ်ထား ပြီး တင်းကျပ် စွာ ဖက် ထား သည့် ဓာတ် ပုံ မှာ သြဂုတ် လ ၁၅
ရက်နေ့  က အိုင်ယို ၀ါ ပြည်နယ် ဒူဘူးကေး မြို့  တွင် ရွေးကောက် ပွဲ မဲ ဆွယ် ဘတ်(စ) ကား ဖြင့်
ခရီး ထွက် စဉ် ဓာတ် ပုံ ဆရာ Scout Tufankjian က ရိုက် ကူး ထား ခြင်း ဖြစ်သည်။
ထို ဓာတ် ပုံ ကို Facebook တွင် လေးသိန်း ကျော် မျှ ဝေ ကြ ပြီး သုံးသန်း ခွဲ နီးပါး က LIKE
လုပ် ထား ကြသည်။
Facebook တည် ထောင်သူ မာခ် ဇူကာ ဘာဂ် ၏ မင်္ဂလာ ဆောင် ဓာတ် ပုံ နှင့် အရက် စပ်သူ
ဟားနား ဟောဘ် ၏ ဘီယာဖန် ခွက် ဓာတ် ပုံ များ ထက် အိုဘားမား တို့  ဇနီး မောင် နှံ ပွေ့ ဖက်
ထား သည့် ပုံ ကို မျှ ဝေ သူ ပို များ သည် ဟု Facebook က ပြောသည်။
မစ်ရှယ် အိုဘား မား က နွေ ရာ သီ တွင် ၀တ်သည့် အကျီ ကို ၀တ် ဆင် ထား ပြီး အိုဘားမားက
အ ကျီ င်္ အဖြူ ဖြင့် တွေ့ ရသည့် ဓာတ် ပုံ ကို မစ်ရွမ်နီ ထောက်ခံ သူများ က ပင်လျှင် ကောင်းချီး
ပေး သွား ကြသည့် မှတ် ချက် များ ရေး သွား သည် ဟု CNN ရုပ် သံ က ထုတ်လွှင့် သွား သည်။
အိုဘားမား က ကိုယ်စားလှယ် မဲ ၃၀၃ မဲ ဖြင့် ကိုယ်စားလှယ် မဲ ၂၀၆ မဲ ရရှိ သည့် မစ်ရွမ်နီ ကို
အပြတ် အသတ် အနိုင် ရရှိ ပြီး ချိန် တွင် ဘာရက် အိုဘားမား အမည် ရှိ အိုဘားမား ၏ တရား
ဝင် တွစ်တာ အကောင့် မှ 4 More Years ဆိုသည့် အမည် ဖြင့် အဆို ပါ ဓာတ် ပုံ ကို တင် ဆက်
ခဲ့ ခြင်း ဖြစ်သည်။
http://lovemusicbirds.ning.com/forum/topic/show?id=6480001%3ATopic%3A255608&xgs=1&xg_source=msg_share_topic

0 comments:
Post a Comment