<div style='background-color: none transparent;'></div>

Home » » ရန်ကုန်တိုင်း ဒေသကြီး ဒလ မြို့နယ် အတွင်း သံဃာတော်အား ဆဲဆိုခဲ့သူ ဖမ်းဆီးခံရ

ရန်ကုန်တိုင်း ဒေသကြီး ဒလ မြို့နယ် အတွင်း သံဃာတော်အား ဆဲဆိုခဲ့သူ ဖမ်းဆီးခံရ

ရန်ကုန်တိုင်း ဒေသကြီး ဒလ မြို့နယ် အတွင်း သံဃာတော် တစ်ပါးအား ဆဲဆိုခဲ့ သူကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပျော် ဘွယ်ကြီး ရဲစခန်းမှ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

 နိုဝင်ဘာ၂၉ ရက် ညနေ ၅ နာရီခွဲ အချိန် ပျော်ဘွယ်ကြီးကျေးရွာ၊ ဒလမြို့ နယ်၊ ဇေယျာသီရိ၊ မင်္ဂလာအေးကျောင်း တိုက်တွင် သီတင်း သုံးနေထိုင်သော ကျောင်းထိုင်ဆရာတော် ဦးသူရိယ သက်တော် ၅၇ နှစ်၊ ဝါတော် ၁၃ ဝါသည် ၄င်း၏သားတော်စပ်သူ ဆိုင်ကယ်ကယ်ရီ မောင်း ရန်ပိုင်စိုး ၂၄ နှစ်နှင့် စကားပြော နေစဉ် လမ်းပေါ်တွင် ဆိုင်ကယ်အား လမ်းပိတ်ရပ်ထားသည်ဟုဆိုကာ အခြား ဆိုင်ကယ်ကယ်ရီမောင်း ဌေးအောင် ၄၅ နှစ်က ဆိုင်ကယ်မောင်းနေရင်းဖြင့် မကြားဝံ့မနာသာအောင် ဆဲဆိုခဲ့သည် ဆိုသည်။

ဦးသူရိယက "ဘယ်သူ့ကိုဆဲ တာလဲ"ဟု မေးမြန်းစဉ် ဌေးအောင်က ဆိုင်ကယ်ဖြင့်ပြန်လှည့်လာပြီး"ဦးသူရိယ ကိုဆဲတာ"ဟု ပြောဆိုကာ ထွက်သွား သဖြင့် ဌေးအောင်အား အရေးယူပေးရန် ဦးသူရိက တရားလိုပြုလုပ် တိုင်တန်းခဲ့ ကြောင်း သိရသည်။ ၄င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပျော်ဘွယ် ကြီးရဲစခန်းမှ (ပ) ၁၁၆/၁၂၊ ပုဒ်မ ၂၉၄/ ၂၉၅(က) ဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ် မြင့်ဇော်ဦးက ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။
popular myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map