<div style='background-color: none transparent;'></div>

Home » » ရွှေပြည်သာ မြို့နယ် စက်မှုဇုန် ဘူတာရုံး အနီးဘုရားမီး ပူဇော်ရာမှ ဘုန်းတော်ကြီးကျောင်း မီးလောင်

ရွှေပြည်သာ မြို့နယ် စက်မှုဇုန် ဘူတာရုံး အနီးဘုရားမီး ပူဇော်ရာမှ ဘုန်းတော်ကြီးကျောင်း မီးလောင်

ရန်ကုန်၊ ဒီဇင်ဘာ၈

ရွှေပြည်သာ မြို့နယ် စက်မှုဇုန် ဘူတာရုံး အနီးရှိဘုန်းတော်ကြီး ကျောင်းတွင် ယခုလ ၇ရက်နေည က ဘုရားမီး ပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ဒေသခံ များနှင့် မျက်မြင် များ၏ ပြောကြားချက် အရ သိရသည်။

ရွှေပြည်သာ မြို့နယ် ၁၂ ရပ်ကွက်ရှိ ပါရဂူ ဘုန်းတော်ကြီး ကျောင်း၏ ဆွမ်းစား ဆောင်တွင် ဒီဇင်ဘာလ၇ရက်၊ ည၈နာရီ ၄၃မိနစ်က ဘုရားမီး ပူဇော် ထားသော ဖယောင်းတိုင် မီး လဲကျ ရာမှ မီးလောင်ခဲ့ကြောင်း ဒေသခံ များနှင့် မီးသတ် ဦးစီး ဌာနတို့ ထံမှ သိရသည်။

"မီးခိုးတွေ အူတက် လာပြီး မီးတောက်ကြီး ထွက်လာတာ၊ ကြည့်လိုက်တော့ ဘုန်းကြီးကျောင်းမှာ လောင်နေတာ" ဟု မီးလောင်မှုကို မျက်မြင် တွေ့ရှိသူ ဦးမြင့်နိုင်က ဆိုသည်။

အဆိုပါ မီးလောင်မှု ကြောင့် အလျား ပေ ၄၀၊ အနံ ပေ ၂၀ ဓနိမိုး၊ ထရံကာ မြေစိုက် ဆွမ်းစားဆောင် တစ်ခြမ်း မီးလောင် ဆုံးရှုံး ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။ ယင်း မီးလောင်မှု ကို ရပ်ကွက် နေထိုင်သူ များက ဝိုင်းဝန်း ငြိမ်းသတ် သောကြောင့် လေးမိနစ် အတွင်း မီးငြိမ်း သွားကြောင်း မီးငြိမ်း သတ်သူ ကိုမြင့်နိုင် က ရှင်းပြသည်။ ယင်း မီးလောင်မှုနှင့် ပတ်သက်၍ ယင်း ဘုန်းကြီးကျောင်း ၏ ကပ္ပိယ ဖြစ်သူ ဦးအုပ်စိုး ကို ရွှေပြည်သာ မြို့နယ် ရဲစခန်း (ပ) ၁၄၆၂ /၁၂ ၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ထားကြောင်း ယင်း ရဲစခန်း ထံမှ သိရသည်။
the voice weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map