<div style='background-color: none transparent;'></div>

Home » » လှော်ကားမြို့နယ်တွင်လူအယောက် ၃၀ ခန့်က ထုတ်ဖြင့်ရိုက် ဓားများဖြင့် ထိုးမှုကြောင့် တက္ကသိုလ် ကျောင်းသားသေဆုံး

လှော်ကားမြို့နယ်တွင်လူအယောက် ၃၀ ခန့်က ထုတ်ဖြင့်ရိုက် ဓားများဖြင့် ထိုးမှုကြောင့် တက္ကသိုလ် ကျောင်းသားသေဆုံး

လှော်ကားမြို့နယ်တွင် လူအယောက် ၃၀ ခန့်က ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်မှုကြောင့် တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် အောင်ကျော်စိုး(အသက် ၂၂ နှစ်)သည် သူငယ်ချင်းဖြစ်သူများနှင့် လှော်ကားတာဆုံလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်မှ အထွက်၌ တောရွာကလေးနေ သားသား၊ ကျော်မင်းထွန်း၊ ညိုမင်းထွန်း တို့ အပါအ၀င် လူ ၃၀ ခန့်က တုတ်များဖြင့် ရိုက်ပြီး ဓားများဖြင့် ၀ိုင်းဝန်း ထိုးရာမှ သေဆုံးခဲ့ကြောင်းသိရသည်။

''ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော့ ကျွန်တော်တို့အနေနဲ့ အမှုမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားဆဲပါ'' ဟု လှော်ကားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သေဆုံးသူ၏ အဒေါ်က''ပွဲရှိတဲ့ညမှာ ဖြစ်သွားတယ်။ လာသတ်တော့ လူဦးရေက ၃၀ လောက်ရှိတယ်လို့ အခင်းဖြစ်သွားတဲ့နေရာက လူတွေက ပြန်ပြောပြတယ်။ ဒီလို အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ရမ်းကားတာကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်''ဟု ဆိုပါသည်။ လှော်ကား ရဲစခန်းမှ (ပ)၄၈၆/၂၀၁၂ ဖြင့် တရားခံများ ဖမ်းမိရေး စုံစမ်းနေကြောင်း သိရသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map