<div style='background-color: none transparent;'></div>

Home » » မွန်ပြည်နယ် သထုံမြို့နယ်တွင်ကိုယ်ဝန် ၇ လ ဆောင်ထားသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ရင်နင့်ဖွယ်ဖြစ်ရပ်

မွန်ပြည်နယ် သထုံမြို့နယ်တွင်ကိုယ်ဝန် ၇ လ ဆောင်ထားသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ရင်နင့်ဖွယ်ဖြစ်ရပ်

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာရှိ အမည်မသိကွမ်းခြံတစ်ခုအတွင်းရှိ
 ရေတွင်းပျက်ထဲ၌(၄-၁၂-၂၀၁၂)တွင် လူသေအလောင်းတစ်လောင်းအားတွေ့

ရှိကြောင်း သတင်းအရ သထုံမြို့နယ်


တွဲဘက်တရားသူကြီး ဒေါ်ခင်နွယ်၊သထုံဆေးရုံမှာ ဒေါက်တာ ပြည့်ဖြိုးမောင်၊ သထုံရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ သထုံရဲစခန်းမှူး ရဲအုပ်ညွှန့်ဝင်းနှင့်အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာအမျိုးသမီးဖြစ်ပြီး ၄င်းနှင့်အတူ မွေးကင်းစ ကလေးငယ် အလောင်းပါတွေ့ရှိသဖြင့် 


သထုံရဲစခန်းက သေမှုသေခင်းအမှတ် ၁၆/၂၀၁၂ဖြင့်ဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စုံစမ်းရာမှာ (၆-၁၂-၂၀၁၂)ရက်နေ့တွင် မှုခင်းဗဟုသုတ နည်းပါးမှုကြောင့် အလောင်းဖျောက်ဖျက်ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပြီး အပျော်လွန်သော ကိုယ်ဝန်သည်နှင့် လိုက်ပါပို့ဆောင်သူ သူငယ်ချင်းဦးလေးတို့၏ အဖြစ်ဆန်းကိုသိခဲ့ရသည်။



    ဖြစ်စဉ်မှာ သထုံမြို့နယ် နောင်ဘိုကျေးရွာ၊ရေပြွန်ပိုင်းတွင်နေထိုင်သူ မသဇင်ဦး (၂၄)နှစ်(ကိုယ်ဝန် ၇ လ ဆောင်ထားသူ) နှင့် သူငယ်ချင်းဖြစ်သူ မသန်းထွေး(၂၄)နှစ်တို့သည် (၂၈-၁၁-၂၀၁၂-တန်ဆောင်းမုန်း လပြည့်နေ့)ည (၈း၀၀)နာရီခန့်တွင်ရွာနှင့် (၂)မိုင်ခန့်ဝေးသောဇရစ်ချောင်ကျေးရွာရှိ အလံတစ်ရာ ဘုရားပွဲသွားရန် ပြင်ဆင်နေခိုက် မသန်းထွေး၏ ဦးလေးဖြစ်သူ ဇရစ်ချောင်ကျေးရွာတွင်နေထိုင်သည့် ဘ၀င်း(ခ)ပေတံရောက်ရှိလာပြီး ၄င်းလည်းရွာပြန်ရန်ရှိသဖြင့် လမ်းကြုံလိုက်နိုင်ကြောင်းပြောသဖြင့် မသဇင်ဦးနှင့် ဘ၀င်း(ခ)ပေတံ ကျားစီးစက်ဘီးဖြင့်လည်းကောင်း၊ မသန်းထွေးက မစီးစက်ဘီးဖြင့် လည်းကောင်း၊ အသီးသိးသွားကြသည်။


ယင်းနောက် အလံတစ်ရာဘုရားသွားရာလမ်းတွင် မသန်းထွေး၏ စက်ဘီးမှာဘီးပေါက်၍ ကျန်ရစ်ခဲ့ပြီး မသဇင်ဦးနှင့် ဘ၀င်းမှာဆက်လက်ထွက်ခွာခဲ့သည်။

 နောင်ဘိုကွင်းစပ် သင်းထော်တံတားအနီးတွင် စက်ဘီး တစ်ကြိမ်တိမ်းမှောက်ရာ မသဇင်ဦးမှာ ထိခိုက်ဒါဏ်ရာရရှိမှု မရှိဘဲဆက်လက်ထွက်ခွာခဲ့သည်။ 

ဇရစ်ချောင်ကျေးရွာ သင်းထော်ဘုရားလမ်းကုန်းကမူနှင့် တိုက်မိပြီး၊စက်ဘီးထပ်မံလဲကျရာ မသဇင်ဦးမှာ မှောက်လျှက်အနေအထားဖြင့် ပြုတ်ကျပြီး၊ သန္ဓေသားထွက်ကျကာ သန္ဓေသားနှင့် မသဇင်ဦးမှာ နေရာတွင် သေဆုံးသွားခဲ့သဖြင့် ဘ၀င်း(ခ) ပေတမှာ ကြောက်လန့်ပြီး သန္ဓေသားနှင့် မသဇင်ဦး၏ ဖိနပ်အားလုံချည်တွင်ထည့်ပြီး အလောင်းအားဝှက်ရန် ခြုံပုတ်အားလိုက်ရှာစဉ် အမည်မသိကွမ်းခြံအတွင်း ခြုံနွယ်များပိတ်နေသော ရေတွင်းကိုတွေ့ရ၍ ရေတွင်းထဲပစ်ချ မသဇင်ဦး(၂၄)နှစ်နှင့် သန္ဓေသားအလောင်းအား ဖျောက်ဖျက်ခဲ့ကြောင်း ပေါ်ပေါက်ဖြင့် ဘ၀င်း(ခ)ပေတံ (ဘ)ဦးချစ်ဆွေ၊ အသက်(၄၀)နှစ်၊ ပအိုဝ်း/ဗုဒ္ဓ၊ ဇရစ်ချောင်ကျေးရွာနေသူအား သထုံရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၂ မှ စခန်းမှူးရဲအုပ်ညွှန့်ဝင်းက တရားလိုပြုလုပ်၍ (ပ)/၁၄၉/၂၀၁၂ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)-၂၀၁ ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။
    


(မင်းနန္ဒကျော်)

ရွှေမြန်မာမီဒီယာဂရု
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map