<div style='background-color: none transparent;'></div>

Home » » လာမချုပ်နဲ့ ဗီဒီယိုဇာတ်ကားတွင် စန္ဒီမြင့်လွင်၏ စကားသံများ

လာမချုပ်နဲ့ ဗီဒီယိုဇာတ်ကားတွင် စန္ဒီမြင့်လွင်၏ စကားသံများ

ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ “လာမချုပ်နဲ့” ဗီဒီယို ဇာတ်ကားကို ကျော်ရဲအောင်၊ စွမ်းရည်၊ စိုးမြတ်သူဇာတို့နဲ့ သရုပ်ဆောင်နေ တဲ့ စန္ဒီမြင့်လွင်က ” ဒီးဒီလည်း စိတ်ရောလူရောနှစ်ပြီး ကြိုးစားထားတာပါ။ တချို့ရိုက်ချက်တွေက တမင်သက်သက်ကြီး လုပ်ယူ တာမဟုတ်ဘူး။ ဒီးဒီရဲ့ပုံစံအတိုင်း၊ ကိုယ့်စိတ်ထဲမှာရှိတဲ့ အတိုင်းပဲ။ အဝတ်အစားကအစ တအား ချုပ်ပြီး ဝတ်ထားတာမရှိဘူး။ အပြင်မှာနေတဲ့အတိုင်း၊ သီချင်းဆိုတဲ့အတိုင်း ရိုက်ထားတာပဲ။ ဒါရိုက်တာက ရှော့ခ်ရိုက်တဲ့အချိန်မှာ သူလိုချင်တဲ့ နေရာကိုပြော တယ်။ သူလိုချင်တဲ့ နေရာကို ဒီးဒီ အပင်ပန်းခံပြီး ရအောင်သွားရှာ တယ်။ တချို့နေရာက ဘယ်သူပိုင်တာ၊ ဘယ်ကုမ္ပဏီက ပိုင်တာ ဆိုလည်း
ဒီးဒီ အဲဒီကုမ္ပဏီအထိ လိုက်ပြောတယ်။ ဒါရိုက်တာ လိုချင်တာကို မရရအောင် လိုက်လုပ်ပေးတယ်။ ဒါရိုက်တာကို ယုံတယ်လေ။ သူက ကောင်းစေချင် လို့ပြောတာ ဖြစ်မှာပဲဆိုပြီး ရအောင် အကုန်လုံးကို အဆင်ပြေအောင် လုပ်ပေးတယ်” လို့ စန္ဒီမြင့် လွင်ကပြောပြီး “ရှော့ခ် ဗီစီဒီက အရင်အခွေထက် ပိုမိုက်နေတယ် ဆိုတာက အရင်အခွေထက် ပိုပြီး လုပ်ခွင့်ရတာ လည်းပါတယ်။ အရင်အခွေထက် ပိုက်ဆံတွေ ပိုသုံးတယ်။ အရင်အခွေတုန်းကဘာမှ သိပ်မသိသေးဘူး။ ကိုယ့်ဦးနှောက်လေး တစ်ခုတည်းနဲ့ စမ်းလုပ်ခဲ့တဲ့ အရာတွေချည်းပဲ။ ရှော့ခ်အခွေကျတော့ နည်းစနစ်လည်း ပိုသိသွားပြီ ဆိုတော့ လုပ်လို့ ပိုကောင်းသွားတယ်” လို့ပြောပါတယ်။ စန္ဒီမြင့်လွင် က ဒီဇင်ဘာ ၇ရက်နေ့ ဆီးဂိမ်းဖျော်ဖြေပွဲ မှာလည်း သီချင်းများနဲ့ ပါဝင်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။
popular news journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map