<div style='background-color: none transparent;'></div>

Home » » စိုးမြတ်သူဇာရဲ့ ဘဝမှာ နံပါတ်တစ်၊ နှစ် ၊ သုံးက ဘာတွေလဲ

စိုးမြတ်သူဇာရဲ့ ဘဝမှာ နံပါတ်တစ်၊ နှစ် ၊ သုံးက ဘာတွေလဲ



စိုးမြတ်သူဇာက ပြင်ဦးလွင်မှာ ‘လိမ္မာစမ်းပါသားရယ်’ ဇာတ်ကားကို ရန်အောင်၊ ထွန်းထွန်း (Examplez) သူရိယတို့နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒီ ဇာတ်ကားထဲမှာ စိုးမြတ်သူဇာ က ကိုရီးယားဝတ်စုံများဝတ်ပြီး သရု

ပ်ဆောင် ခဲ့ပါတယ်။ ထူးခြားတဲ့အပြင် အဆင်တွေနဲ့ ရိုက်ကူးတာက ပရိသတ်တွေပိုပြီး စိတ်ဝင် စားကြောင်းကို စိုးမြတ်သူဇာက “ပရိသတ်က ခါတိုင်းမြင်နေကျ ပုံစံပဲဆိုရင် ရိုးနေပြီလေ။ ဇာတ် လမ်းတွေလည်း ဖန်တစ်ရာကျေနေပြီ။ ဒီဇာတ်လမ်း ဆိုလည်း သိပ်ပြီးအထူးအဆန်းတော့ မဟုတ်ဘူး။ မကြီးကို ကိုရီးယားဝတ်စုံနဲ့ လည်း မတွေ့ဖူးတော့၊ ပရိသတ်က စိတ်ဝင်စားကြ တာပေါ့။ အဲဒီသဘောပါပဲ။ ပရိသတ်ကိုလည်း အခုချိန်မှာ အဲဒီလို နည်း မျိုးတွေနဲ့ပဲ ရိုက်ပြနေရတယ်။

ဒီ့ထက်တော့ ဆန်းဆန်းပြားပြား ဘယ်လို ဆက်လုပ်ရမှန်း မသိတော့ဘူး” လို့ပြောပါတယ်။ လတ်တလောမှာတော့ စိုးမြတ်သူဇာက ‘လာမချုပ်နဲ့’ ဗီဒီယိုဇာတ်ကားကို ကျော်ရဲအောင်၊ စွမ်းရည်၊ စန္ဒီမြင့်လွင်တို့နဲ့ ရန်ကုန်မှာ ရိုက်ကူးနေ ပါတယ်။ စိုးမြတ်သူဇာက သူငယ်ချင်းဖြစ်သူ မြတ်ကေ သီအောင် နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ကိုယ်တိုင်သွားရောက်ကာ အမြဲသတင်းမေးသလို၊ နေပြန်ကောင်းလာတဲ့ အချိန်မှာလည်း သူငယ် ချင်းစိတ်နဲ့ ဖိစီးမှုမများအောင်၊ အထီးကျန် မဆန်အောင် ရှုတင်ကိုခေါ်လာ သလို၊ အမြဲလည်း အားပေးတတ်သူပါ။ စိုးမြတ်သူဇာက ကိုယ်တိုင် လည်း ကျန်းမာရေးကို အမြဲတမ်းဂရုစိုက်တတ်ကြောင်းကို “မကြီးက ကိုယ့်ကိုယ် ကိုယ် ကျန်းမာအောင် နေဖို့ဆိုတဲ့ အသိကိုရသွားတာက နိုင်ငံခြားမှာနေ လိုက်ရလို့ပါ။ ကျန်းမာရေးက ဘယ်လောက် အရေးကြီးသလဲ၊ ကျန်းမာရေး က ဘယ်လောက်ဂ ရုစိုက်သင့်သလဲ ဆိုတာကို နိုင်ငံခြားမှာ နေလို့သိလာ ခဲ့တာလေ။ အစတုန်းက သူငယ် ချင်းက ကျန်းမာရေးက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြောတုန်းက သိပ်သတိမထားမိဘူး၊ တကယ်တမ်း ကျတော့ မကျန်းမာရင် အလကားပဲ။ တကယ်အမှန်ပဲ။ နိုင်ငံခြားမှာ မကြီးနေ တုန်းက ကိုယ့်ကိုယ်ကိုယ်အရင် စောင့်ရှောက် နိုင်မှ သူများ ကိုစောင့်ရှောက် လို့ ရမှာလေ။ နေထိုင် မကောင်းဖြစ်မှ ဆေးသောက်တတ် တဲ့ အကျင့် ဆိုတာက မဟုတ်ဘူး။ ဆေးကိုတော့ ဘယ်သူက ကြိုသောက် ချင်မှာလဲ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အား ဆေးသောက်တာမျိုးက ကာကွယ် ပြီးသားပဲ။ ဒီလို ဆေးတွေကို စောစော စီးစီး သောက်ထားခြင်း အားဖြင့် အသက်အရွယ်ကြီးတာ၊ အိုမင်းရင့်ရော်တာကို ကာကွယ်နိုင်တယ်။ နေ မကောင်း ဖြစ်ရင်ပျော်စရာ မကောင်းတော့ဘူး ဆိုတာသိတယ်။

ဘယ်လောက်ပဲလှလှ၊ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ ကျန်းမာရေး မကောင်းတာနဲ့ အဲဒါတွေက အလကားတွေ ဖြစ်ကုန်တယ်။ အဲဒါကြောင့် မကြီးအမြဲတမ်း ပြောတာက ငါ့ဘဝမှာ နံပါတ်တစ် ကျန်းမာရေး၊ နံပါတ်နှစ် ကျန်းမာရေး၊ နံပါတ်သုံး ကျန်းမာရေး၊ ပြီးရင် နံပါတ်တစ် အလုပ်၊ နံပါတ်နှစ် အလုပ်၊ နံပါတ်သုံး အလုပ်လို့ အမြဲတမ်းလိုလို ခဏခဏပြောဖြစ်တာပေါ့” လို့ ပြောပြ ခဲ့ပါတယ်။ စိတ်ဖိစီးမှုတွေကိုကော ဘယ်လို ဖြေဖျောက် တာမျိုး ရှိလဲလို့ မေးတော့ “မကြီးအတွက် စိတ် ဖိစီးမှုက ရိုးတောင်နေပါပြီ။ ပါတ နာတွေ တောင်ဖြစ်နေပါပြီ။ လူတိုင်းလူတိုင်းမှာတော့ စိတ်ဖိစီးမှု ရှိကြတာ ပါပဲ။ ဒါပေမဲ့ မကြီးက စိတ်ကိုခွဲခြားပြီး ထားတယ်။ အိမ်ကိစ္စ အလုပ်ထဲ မသယ်ဘူး။ အလုပ်က ကိစ္စအိမ်ထဲမသယ်ဘူး။ မောင်တွေ ညီမတွေနဲ့တွေ့ ရင် ဘယ်လို၊အဲဒီလို ခွဲခြားပြီးနေတယ်။ လူတွေကိုလည်း ခွဲခြားပြီးမြင်တယ်။ အဲဒီလို နေပြီး ရှင်သန်ရတာပါပဲ”လို့သူ့ရဲ့ ဘဝ ဖြတ်သန်းမှု ပုံစံကို ပြောပြခဲ့ ပါတယ်။

ခိုင်ဝေလွင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map