<div style='background-color: none transparent;'></div>

Home » » မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြော ကြားမည့်စင်အားသန့် ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစား တစ်ခုဖြစ်ပွား

မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြော ကြားမည့်စင်အားသန့် ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစား တစ်ခုဖြစ်ပွား

မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြော
ကြားမည့် စင်အားသန့် ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစား
တစ်ခု ယနေ့ သုံးနာရီအချိန်တွင်ဖြစ်ပွားခဲ့သည်။

သန့် ရှင်းရေးပြုလုပ်နေသူများမှကန်မော်ကျေး၇ွာအမျိုးသားဒီမိုကရေစီအဖွဲ့ 
ချုပ်အဖွဲ့ ဝင်သုံးဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ တစ်ဦးမှာ အသက်ကြီးပိုင်းအမျိုး
သမီးဖြစ်ပြီး ပေါင်တွင် အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။

 ကျန်နှစ်ဦးမှာ လူငယ်များဖြစ်ကြပြီး မျက်နှာတွင်ဒဏ်ရာများရရှိခဲ့သည်ဟု
 မြိတ်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တစ်ဦးက သတင်းပို့ ခဲ့သည်။


ပေါက်ကွဲမူဖြစ်ပွားခဲ့သည့်နေရာတွင် တစ်ထောင်ခန့် တွင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး၊ သတ္တူများ ခဲစများ တွေ့ ရှိခဲ့ရသည်ဟု အဆိုပါအဖွဲ့ ဝင်ကပြောဆိုသည်။

ကန်မော်ပြည်သူ့ ဆေးရုံမှ သူနာပြုဆရာမတစ်ဦးက ပေါက်ကွဲမူကြောင့်ရရှိခဲ့သည့် 
ဒဏ်ရာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပြီး။ ကန်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘာဘူးကလည်း ပေါက်ကွဲမူဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။  ယခုအချိန်ထိ တာဝန်ရှိသူများ အခင်းဖြစ်ပွာရာသို့ သွားရောက်စစ်ဆေးခြင်းမရှိသေးပါ။

ရေလမ်းခရီးဖြင့်သွားရခြင်းဖြစ်သဖြင့် နှောင့်နှေးနေတာဖြစ်နိုင်ကြောင်းမြိတ်မြို့ နယ် အဖွဲ့ ချုပ်လူငယ်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။ တာဝန်ရှိသူများသည်။ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိနေ နိုင်ကြောင်းလည်း ၄င်းက ဗဟိုကော်မရှင်ရုံးအဖွဲ့ သို့ တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။

Nld Central 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map