<div style='background-color: none transparent;'></div>

Home » » နာရေးကူညီမှုအသင်းတွင် အခေါင်းဝင်သယ်မည်ဆိုသည့် နန်းခင်ဇေယျာ

နာရေးကူညီမှုအသင်းတွင် အခေါင်းဝင်သယ်မည်ဆိုသည့် နန်းခင်ဇေယျာ

ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသော နန်းခင်ဇေယျာက နာရေးကူညီမှုအသင်း နာရေးပို့ဆောင်သည့် လမ်းကြောင်းတွင် တစ်လလျှင်နှစ်ကြိမ် ကိုယ်တိုင်ပါဝင်ပို့ဆောင်မည်ဟု ဆိုသည်။
နန်းခင်ဇေယျာသည် ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ပြုလုပ်ခဲ့သော Miss International (၂၀၁၂) ပြိုင်ပွဲတွင် ဆုသုံးဆုရရှိခဲ့ပြီးနောက် ပရဟိတလုပ်ငန်းများ ၌ ယခုကဲ့သို့ ပါဝင်ဆောင်ရွက်လာခြင်းဖြစ်သည်။
“ဒီအလုပ်ကို ၀င်ကူညီတာပါ။ ညီမအသင်းမ၀င်ပါဘူး။ တစ်လမှာ နှစ်ခေါက် နာရေးကူညီမှု လမ်းကြောင်းလိုက်မယ်။ မနက်ဖြန်ဆိုရင် ကိုယ်တိုင်အခေါင်းထမ်းမယ်။ ညီမကိုယ်တိုင်ရော ဒီလုပ်ငန်းမှာ စိတ်ဝင်စားတယ်။ ညီမရဲ့ တခြားပရိသတ်တွေရော ဒီစိတ်ကို ရှိစေချင်လို့၊ ဦးကျော်သူကိုလည်း လေးစားစေချင်လို့ အခေါင်းကို ကိုယ်တိုင်သယ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ” ဟု နန်းခင်ဇေယျာက ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် သထုံမြို့သို့ သွားရောက်၍ ပညာရေးနှင့်ဆိုင်သော လူမှုအကျိုးပြု လုပ်ငန်းလုပ်ဆောင်သွားမည်ဖြစ်သည်။
မကြာသေးမီက Miss Myanmar International ပြိုင်ပွဲဝင်များကို ခေါ်ယူနေခြင်းနှင့် ပတ်သက်၍ Miss Myanmar တစ်ဦးဖြစ်သည့် သူမက “အရမ်းကောင်းပါတယ်။ ဒီပွဲလေးကိုပြိုင်တာ။ နိုင်ငံတကာကို ယှဉ်ပြိုင်နိုင်တဲ့ပွဲပါ။ နိုင်ငံပေါင်းစုံနဲ့ ပြိုင်ရမယ့် ပွဲပါ။ အဲ့ဒါကြောင့် ၀င်ပြိုင်သင့်တယ်။ ညီမက ပြင်ဆင်ချိန်မရခဲ့ဘူးပေါ့နော်။ ညီမလိုမဖြစ်အောင် အားလုံးပြင်ဆင်သွားသင့်တယ်လို့ ထင်ပါတယ်” ဟု နန်းခင်ဇေယျာကပြောသည်။

ကြူကြူဟန်

ရန်ကုန်၊ ဒီဇင်ဘာ - ၁
7 days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map