<div style='background-color: none transparent;'></div>

Home » » လှည်းတန်းမီးပွိုင့်အနီး နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးရှေ့ လမ်းလယ်ကျွန်းတွင် ၄၈ မီနီဘတ်စ် လူတိုက်ပြီးမောင်းပြေး

လှည်းတန်းမီးပွိုင့်အနီး နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးရှေ့ လမ်းလယ်ကျွန်းတွင် ၄၈ မီနီဘတ်စ် လူတိုက်ပြီးမောင်းပြေး

လှည်းတန်းမီးပွိုင့်အနီး နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးရှေ့
 လမ်းလယ်ကျွန်းတွင် ယနေ့နံနက် ၈ နာရီကျော်က ခရီးသည်တင်
ယာဉ်တစ်စီးသည် အမျိုးသားတစ်ဦးအားတိုက်၍ မောင်းပြေးသွားကြောင်း သတင်းရရှိသည်။

"တိုက်သွားတဲ့ကားက ၄၈ မီနီဘတ်စ်ပါ။ ယာဉ်မှုစစ်ရုံးက တာဝန်ရှိသူတွေက ပြုတ်ကျကျန်ခဲ့တဲ့ နောက်ကြည့်မှန်ကိုယူပြီး ကားဂိတ်ကို လိုက်သွားကြပါပြီ"ဟု နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးကပြောသည်။

ယာဉ်တိုက်ခံရသူ အမျိုးသားမှာ အသက်(၆၀)ခန့်ရှိပြီး ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားကာ သွေးထွက်နေသော်လည်း သတိမလစ်ဘဲ မျက်လုံးပွင့်လျက်ရှိနေသည်။

 ယာဉ်တိုက်ခံရသူ အမျိုးသားကြီးသည် လှည်းတန်းလမ်းမကြီးအရှေ့ဘက် ယာဉ်ထိန်းရုံးရှေ့မှ လမ်းတစ်ဖက်ခြမ်းသို့ကူးရန် လမ်းလယ်တုံး၌ ရပ်နေစဉ် အရှိန်ဖြင့် ကျော်တက်လာသည့် ၄၈ မီနီဘတ်စ်က တိုက်မိသွားခြင်းဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများကပြောသည်။

"အခုလိုက်နေတုန်းဘဲ မမိသေးဘူး"ဟု အဆိုပါအမှုကို တာဝန်ယူထားသော နယ်မြေ(၂)မှ ယာဉ်မှုစစ်အရာရှိ ဒုရဲအုပ်စောဇော်မင်းဦးကပြောသည်။

ဓာတ်ပုံ-သန်းဌေး

7Day News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map