<div style='background-color: none transparent;'></div>

Home » » မမတို့အတွက် အန္တရာယ်ရှိစေသော ကြက်တောင်ပံများ (စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန်)

မမတို့အတွက် အန္တရာယ်ရှိစေသော ကြက်တောင်ပံများ (စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန်)

အလှအပကို ကြိုက်နှစ်သက် ကြတဲ့မမတို့ရေ ကြက်တောင်ပံ ကြော်ကို နေ့စဉ်ရက်ဆက် စားသုံးခြင်းဟာ အမျိုးသမီးတွေ အတွက်တကယ့် အန္တရာယ်တခု ဆိုတာကို မျှဝေလိုက်တာပါ…
ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေး ပါ။ မကြာသေးမီက ကျမ သူငယ်ချင်းမ တယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာ တာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့ အထိဖြစ်သွားပါတယ်…
အဲဒီအခဲဟာ ခွဲစိတ်ပြီး ကြည့်လိုက်တော့ မဲပုပ်နေတဲ့ သွေးခဲကြီးပါတဲ့.. သူမကတော့ ခွဲစိတ်ကုသ ပြီးနောက်မှာ ပုံမှန်ပြန်ကောင်း လာမယ်လို့ပဲ ထင်ခဲ့တာပေါ့.. ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင် လွဲခဲ့ပါ့တယ်.. ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ် အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…
ဒုက္ခပါပဲနော်.. သူလဲအရမ်း စိတ်သောက ရောက်ရတာပေါ့.. ဒါနဲ့ သားဖွား မီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြ ကြည့်တော့.. ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက သူမအတွက် တော်တော်ကို ထူးဆန်းနေတယ်.. ကြက်တောင်ပံကို နေ့စဉ်ရက်ဆက် စားသလားတဲ့

သူမက.. စားပါတယ် လို့ ပဲဖြေတယ်.. စားလဲ စားတာကိုး.. သူမ ကြက်တောင်ပံကြော် အမြဲတမ်း စားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့  တောင်အံ့သြတကြီး ပြန်မေးမိသေးတယ်.. ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ ..
ဒီနေ့ ခေတ်မှာ ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးတွေ သုံးလာကြပါတယ်.. . Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့ တောင်ပံနဲ့ လည်ပင်းနေရာတွေမှာ ပဲ အမြဲထိုးပေးလေ့ရှိတယ်.. ဒါကြောင့်. Steroids ဟိုမုန်းတွေ အများဆုံး စုနေတဲ့နေရာကတော့ တောင်ပံနဲ့ လည်ပင်းတွေမှာပါပဲ..
ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီး ထွားစေတတ်တဲ့ သဘောကြောင့် ခန္ဒာကိုယ်ထဲမှာ ကြောက်စရာ ကောင်းလောက်အောင် အကျိုးဆက် တွေဖြစ်လာတာပေါ့.. ဒါဟာဘာအတွက်လဲ.. တကယ်တော့ သူတို့ ရဲ့ လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီး ထွားလာစေဖို့ပဲမဟုတ်လား…
ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ… အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေ တဲ့အပြင်.. ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေတတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်..
ကျမတို့ မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်.. ကျမတို့ရဲ့ ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ ရာ ပိုပြီိးအရေးကြီးပါတယ်..
ဒါကြောင့် မမတို့ကို ဝေမျှလိုက်ပါတယ်နော်.. မမတို့ ခန္ဒာကိုယ် အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက် စားသုံးခြင်းက နေ တတ်နိုင်သလောက် လျှော့စားကြပါလို့ ... အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော်... 
Ref By - http://seinpanpyar.multiply.com
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map