<div style='background-color: none transparent;'></div>

Home » » မျက်ရည်များကို သုတ်ပေးမယ့် ၀ိုင်းစုခိုင်သိန်း

မျက်ရည်များကို သုတ်ပေးမယ့် ၀ိုင်းစုခိုင်သိန်း

ဦးကျော်သူနှင့် ၀ိုင်းစုခိုင်သိန်း၊ ဓာတ်ပုံ- Kyaw Thu's facebook
ကျော်သူ ~

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူများအပေါ် လူမှုအကျိုးပြုပေး ဆပ်မှုများကို   မြန်မာနိုင်ငံ တွင်သာမက ကမ္ဘာပါ အသိအမှတ်ပြုလာချိန်တွင် ပြည်တွင်းရှိ အနုပညာလောကသားများ၊ အနုပညာရှင် များပါ လူမှုရေး လုပ်ငန်းများ တွင် ပိုမိုလုပ်ဆောင် ကူညီပေးဆပ်လာကြသည်ကို ဝမ်းမြောက် ဖွယ်ရာ  
တွေ့မြင်လာရပေသည်။ 





 ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မေတ္တာဖြင့် လုပ်အားဒါနပြု ကူညီဖေးမပေး ဆပ်ကြသည့် အနုပညာရှင်များ၊ အနုပညာလောကသားများရှိသလို သဒ္ဒါဖြင့်လာရောက်ကာ အလှူငွေများ လှူဒါန်းထောက်ပံ့ ကူညီကြသော အနုပညာရှင်များ၊ အနုပညာ လောကသားများသည်လည်း မြောက်များ စွာရှိလေသည်။ 



ထိုအနုပညာရှင်များထဲတွင် သရုပ်ဆောင်/ အဆိုတော် ဝိုင်းစုခိုင်သိန်း တစ်ယောက်သည်လည်း အပါအ ဝင်ဖြစ်ခဲ့ပြီ ဖြစ်တော့သည်။ 

၂၄.၁၂.၂၀၁၂ ရက်နေ့ နံနက် (၁၂း၀၀) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်းသည် မိဘနှင့်အတူ လာရောက်၍ သူမ၏ ချွေးနည်းစာ အနုပညာကြေးများထဲမှ မိမိမွေးနေ့ အမှတ်တရအဖြစ် အလှူငွေကျပ် (၁ဝ) သိန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုကူညီရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့လေသည်။ 



သရုပ်ဆောင်/အဆိုတော် ဝိုင်းစု ခိုင်သိန်းနှင့် မိသားစုအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများမှ အသင်း၏ လုပ်ငန်းဆောင်တာများအား လိုက်လံရှင်းပြကာ မုဒိတာ ပွားစေခဲ့ပါသည်။ 

ယင်းနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ သုခပညာဒါန စာသင်ခန်းများ၊ သုခအလင်း စာကြည့်တိုက်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတို့ တွင် ဆေးကုသမှုဆိုင်ရာ ဆေးကုသခန်းများအား  လေ့လာ မုဒိတာ ပွားစေခဲ့သည်။ 



ယခု သရုပ်ဆောင်/ အဆိုတော် ဝိုင်းစုခိုင်သိန်း လှူဒါန်းသောအလှူငွေများကို နာရေးကူညီမှု အသင်း (ရန်ကုန်)၏ လူမှုကူညီရေး လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ပြီး နာရေးအတွက်  
သောက မျက်ရည် ဝေနေကြသော အများပြည်သူတို့၏ အပူမီးများအား ငြိမ်းအေးစေမည်ဖြစ်သလို ကျန်းမာရေးချို့ယွင်းနေသော ပြည်သူလူထု တို့အတွက်လည်း ကျန်းမာသန်စွမ်းစေသော အထောက် အကူတစ်ခုဖြစ်စေကာ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် ပညာတတ် မျိုးဆက်သစ်များ  
ပေါ်ထွက် လာစေသော အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့ပြီ ဖြစ်တော့သည်။ 

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် တချိန်တခါက အနုပညာ ညီအကိုမောင်နှမများမှ ယခုတိုင်းပြည် ပြန်လည်ထူထောင်ရေးကာလတွင် ဦးကျော်သူ လုပ်ကိုင်နေသော အများအကျိုး သယ်ပိုး  
ဆောင်ရွက်ပေးနေသော အသင်းအဖွဲ့ကြီးအား တစ်နိုင်တစ်ပိုင် လုပ်အား၊ ဥာဏ်အား၊ အလှူငွေတို့ဖြင့် လာရောက်ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်တရာမှ မြင့်မြတ်လှသော ကောင်းမှုကြီးဖြစ်ပေသည်။ 



ထို့ကြောင့် ပြည်သူတို့၏ သောကအပူမျက်ရည်များအား တစိတ်တပိုင်း ငြိမ်းအေးစေရန် ကူညီဖေး မချွေး သိပ်ကူညီပေးခဲ့သည့် ပြည်သူချစ်သော အနုပညာရှင် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း ၏ အနုပညာ လမ်း ခရီးတလျှောက် ပိုမိုတိုးတက် အောင်မြင်ပါစေ ကြောင်းနှင့် ပြည်သူလူထုအား ပိုမိုပေး ဆပ် နိုင်ပါစေကြောင်း အများပြည်သူ ကိုယ်စား မေတ္တာပို့သကာ မုဒိတာပွား လိုက်ရပါသည်။ အထူးအားဖြင့် ဆင်းရဲနွမ်းပါးပြီး သောကအပူများဖြင့် ပြည့်နှက်နေကြသော ပြည်သူလူထုတို့၏ မျက်ရည်စများ ကို ပြည်သူ ချစ်သော ဝိုင်းစုခိုင်သိန်း အစဉ်ထာဝရ အနုပညာ လက်ဝါး ပြင်နှင့် သုတ်ပေးနိုင်ပါစေကြောင်း မေတ္တာ ပို့သလိုက်ရပါသည်
 http://blog.irrawaddy.org/2012/12/blog-post_5979.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map