<div style='background-color: none transparent;'></div>

Home » » မြိတ်၊ ကံမော်ကျေးရွာ အသေးစားပေါက်ကွဲမှု စစ်ဆေးရာ ခဲနှင့် သတ္ထုစများတွေ့

မြိတ်၊ ကံမော်ကျေးရွာ အသေးစားပေါက်ကွဲမှု စစ်ဆေးရာ ခဲနှင့် သတ္ထုစများတွေ့

ကံမော်ကျေးရွာတွင်ဖြစ်ပွားခဲ့သောအသေးစားပေါက်ကွဲမှုကို ကျွန်းစုမြို့
နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှပြည် သူ့ လွတ်တော် အမတ်ဒေါ်
 တင်တင်ရီနှင့် ပါတီဝင်များမှ ယနေ့နံနက်က သွားရောက် စစ်ဆေးခဲ့တယ် လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် အမျိုးသမီး 4 ဦးဒဏ်ရာ ရရှိခဲ့သလိုပေါက် ကွဲမှုဖြစ်ပွား
သည့်နေ ရာနှင့်ဒေါ်အောင် ဆန်း စုကြည် မိန့် ခွန်းပြောကြားမည့်
စင်မြင့်မှာ မနီးမဝေးတွင် တည်ရှိနေကြောင်း သိရတယ် ကံမော်ရွာမှာ
 ရှိနေ တဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနှင့်တာဝန်ရှိသူတွေ ကတော့ပေါက်
ကွဲမှုကို ဘာမှမှတ်ချက် မပေးပေမယ့် သူနာပြုမျာ၊ ဆရာဝန်များနှင့်
 ပါတီဝင်များကတော့လူတွေကို ထိတ်လန့် အောင်ပေါက် ကွဲစေသော
အရာတစ် ခုကိုလာရောက်ထားခဲ့သလား ဆိုတာကိုသံသယ ရှိနေကြပါတယ်။


 ဒါပေမယ့်အမေစုရဲ့ခရီးစဉ်အပေါ်အဲဒီပေါက်ကွဲမှုသတင်းကဘာမှ
သက်ရောက်မှုမရှိနိုင်ဘူးလို့သိရတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးအုန်းကြိုင် ကတော့ခရီးစဉ်မပျက်နိုင်ကြောင်း နဂိုစီစဉ်ထားတဲ့ အတိုင်း ခရီးစဉ်များကို
သွားမည်ဖြစ်ေ ကြာင်းကော့သောင်း၊ ကျွန်းစု၊မ်ာကျေးရွာ တွေကိုခရီးစဉ် ဖျက်
သိမ်းဖို့ မရှိကြောင်းပြောကြား ထားတာတွေ့ ရှိရပါတယ်။

ကံမော်ကျေးရွာကို သွားရောက် စစ်ဆေးရာ မှာပေါက်ကွဲမှုဖြစ် ပွားစဉ်
အနီးနားမှ ခဲစများ၊သတ္တုစ များတွေ့ ရှိ ရ သည့်အတွက် ဆက်လက်
စစ်ဆေးမှုတွေ လုပ်ဖို့စီ စဉ်နေကြောင်း သိရပါတယ်။

ကံမော်ကျေး ရွာသူ/သားများ ကတော့ အမေစုခရီးစဉ် ဖျက်သိမ်းမည်ကို
 စိုးရိမ်နေကြပြီး ဟောပြောမည့် စင်မြင့်ဆောက် လုပ်ခြင်း နှင့် ကွင်း
သန့်ရှင်းရေး များကိုမူ ဆက်လက် လုပ်ဆောင်နေကြောင်းသိရတယ်။

မိုးမြက်သူ
ရွှေမြန်မာမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map