<div style='background-color: none transparent;'></div>

Home » » Facebook ပေါ်မှာ Like အလုပ်ကောင်းလို့ ထောင်ကျရတော့မည့်အမျိုးသမီး

Facebook ပေါ်မှာ Like အလုပ်ကောင်းလို့ ထောင်ကျရတော့မည့်အမျိုးသမီး

အိန္ဒိယရဲအဖွဲ့ထုတ်ပြန်ချက်အရ Facebook ပေါ်တွင် အမျိုးသမီးတစ်ဦး ထုတ်ဖော်ရေးသားချက်နှင့် သူမ၏ သူငယ်ချင်းတို့၏ Like လုပ်မှုကြောင့် မွန်ဘိုင်းမြို့တွင်အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ရကြောင်း သတင်း ရရှိသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးကို အိန္ဒိယ ပြစ်မှုဆိုင်ရာဥပဒေ၊    သတင်းအချက် အလက်နည်းပညာ အက်ဥပဒေတို့ဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ရဲအရာရှိ ရှရီခန့် ပင်ဂလီကပြောကြားသည်။

သူက “အမျိုးသမီးနှစ်ယောက်စလုံးကို ပြည်တွင်းတရားရုံးမှာ ဒီနေ့ နေ့ခင်းရုံးထုတ် မယ်။ ဘာသာရေးဆိုင်ရာ ထိခိုက်နစ်နာစေမှုနဲ့ စွဲဆိုသွားမှာဖြစ်တယ်” ဟု အေအက်ဖ်ပီ သတင်းဌာနသို့ပြောကြားခဲ့သည်။

နိုင်ငံရေးသမား ဘယ်လ် သက်ကရေးဆိုသူ သေဆုံးမှုနှင့်ပတ်သက်ပြီး အဆိုပါ အမျိုးသမီးက “သက်ကရေးလို လူမျိုးတွေ နေ့စဉ် မွေးဖွားနေ၊ သေဆုံးနေပါတယ်။ အဲဒါကို မြို့တစ်မြို့လုံးပိတ်ထားရတဲ့အထိ လောက်တော့ မဖြစ်သင့်ပါဘူး” ဟု comment ရေးသားခဲ့သည်ကို သူမသူငယ် ချင်းဖြစ်သူက Like လုပ်ခဲ့သဖြင့် သက်ကရေးကို ထောက်ခံသူများက ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

သက်ကရေးသေဆုံးသည့်အတွက် မြို့ ရှိ လုပ်ငန်းများ ရပ်ဆိုင်းထားခြင်း၊ တက္ကဆီများ မထွက်ခြင်းတို့ကြောင့် ထိုအမျိုးသမီးက Facebook ပေါ်တွင် စိတ်ပေါက်ပေါက်နှင့် ဝေဖန်လိုက်ရာ ဘုမသိ ဘမသိ Like လုပ်မိသည့် သူငယ်ချင်းဖြစ်သူပါ အဖမ်းခံရပြီး တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည် ဖြစ်သည်။
myanmartharkaung
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map